Honor က တရုတ်မှာ Play 40 Plus 5G ကို ကြေညာလိုက်ပြီး Dimensity 700 Chipset , 50MP Dual ကင်မရာနဲ့ အရွယ်ကြီး ဘက်ထရီ တပ်ဆင်ထားပါတယ်။ ၆.၇၄ လက်မ LCD 720p မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး LCD ဖြစ်တဲ့အတွက် မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းလို့ မရဘဲ ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Honor Play 40 Plus 5G is an affordable phone with big screen and massive battery

အနောက်ဘက်မှာ 50MP Main နဲ့အတူ 2MP Depth ကင်မရာနဲ့ အားဖြည့်ထားပြီး Number Series တွေကလို အနောက်ဘက်မှာ စက်ဝိုင်း ၂ ခု ပါတဲ့ ကင်မရာ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ အရွယ်ကြီး 6,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Honor စမတ်ဖုန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ 22.5W Charging ထောက်ပံ့ထားပြီး X7, X8 တို့လို X Series က စွမ်းရည်သင့် ဖုန်းတွေနဲ့ တူညီပါတယ်။ Android 12 အခြေပြု Maic UI 6.1 မောင်းနှင်ထားပါတယ်။

HONOR all smartphones with specifications and features - Gadget Arena

Honor Play 40 Plus 5G အတွက် 6GB or 8GB RAM နဲ့ 128GB or 256GB Storage တွေ ထုတ်လုပ်ထားပြီး Memory Configuration ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ microSD Card Slot မပါဘဲ အခြေခံ မော်ဒယ်မှာ 6GB RAM နဲ့ 128GB Storage ပါပါတယ်။

Honor Play 40 Plus အတွက် Purple , Silver, Blue နဲ့ Black ၄ ရောင် ထုတ်လုပ်ထားပြီး 6/128GB Version ကို ၁၆၅ ဒေါ်လာ၊ 8/128GB ကို ၁၉၅ ဒေါ်လာနဲ့ 8/256GB ကို ၂၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena