Honor က ဒီလ အစောပိုင်းမှာ Play 4 နဲ့ Play 4 Pro တို့ကို ကြေညာခဲ့ပြီး အခုတော့ Play 4 Series စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ Play 4e လို့ နာမည်ပေးထားပြီး အဲဒီ ဖုန်းရဲ့ တရားဝင် ပိုစတာ ၁ ခု တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထွက်ပေါ်လာပါတယ်။ ဝီဘိုမှာ အဲဒီဖုန်းရဲ့  ဒီဇိုင်းနဲ့ Specs တချို့ကို သိလာရပါပြီ။

Honor Play 4e မှာ ၆.၃၉ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် ဘယ်ဘက် အထက်နားက Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 13MP Main ကင်မရာ ထည့်ထားမှာ ဖြစ်ပေမယ့် တခြား ကင်မရာ ၂ လုံးရဲ့ Resolution ကို မသိရသေးပါဘူး။

Honor Play 4e မှာ Kirin 710A SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM နဲ့ 128GB Storage ပါလာမှာပါ။ ယွမ် ၁,၀၀၀ အောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ပဲရှိမှာပါ။ တခြား Memory Options တွေ ထွက်လာမလားဆိုတာ မသိရသေးပါဘူး။

Play 4e မှာ 4,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အားသွင်းနှုန်းကို မသိရသေးပါဘူး။ အဲဒီ ဖုန်းရဲ့ သတင်းတွေ မကြာခင် ထပ်မံထွက်ပေါ်လာဦးမယ်လို့ ထင်ပါတယ်။

Ref : gsmarena