Honor က ဒီလ ၉ ရက်နေ့မှာ Play 4T Series ကို ကြေညာမယ်လို့ အတည်ပြုထားပြီး အခုတော့ Play 4T နဲ့ Play 4T Pro ၂ မျိုးထုတ်လုပ်ထားမယ်လို့ သတင်းထွက်လာပါတယ်။ ဖုန်း ၂ လုံးစလုံးကို တရုတ်က အရောင်းဆိုင်တွေမှာ စာရင်းတင်ထားပြီး ဓါတ်ပုံတွေကနေ ဒီဇိုင်းကို လေ့လာခွင့်ရလာပါတယ်။ 48MP ပင်မ ကင်မရာ ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Play 4T Pro မှာ အရွယ်သေး Notch နဲ့ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အနက်၊ အစိမ်းနဲ့ ခရမ်းရောင် ၃ မျိုးထုတ်လုပ်ထားမှာပါ။ Suning.com က မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမယ်လို့ ဖော်ပြထားပြီး  TENAA ရဲ့ စာရင်းအရ ၆.၃ လက်မ FHD+ OLED မျက်နှာပြင်နဲ့ 3,900mAh ဘက်ထရီ ပါမယ်လို့ သိရပါတယ်။

2.27GHz Octa-core Processor ပါလာမှာ ဖြစ်ပြီး Kirin 810 SoC ဖြစ်နိုင်ပါတယ်။ Android 9 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။ 6/128GB နဲ့ 8/256GB ၂ မျိုး ထုတ်လုပ်ထားမှာဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 8MP နဲ့ 2MP ကင်မရာတွေ ပါလာမှာပါ။ 16MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Honor Play 4T မှာ Punch Hole မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။ TENAA ရဲ့ စာရင်းအရ 2GHz Octa-core Processor မောင်းနှင်ထားပြီး Android 10 ပါလာမှာပါ။ 6GB RAM နဲ့  128GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပြီး ၆.၃၉ လက်မ HD+ IPS မျက်နှာပြင်နဲ့ 3,900mAh ဘက်ထရီ ပါလာမှာပါ။ 8MP ကင်မရာကို အရှေ့ဘက်နဲ့ အနောက်ဘက်မှာ 48MP Main နဲ့ 2MP ကင်မရာတွေ ပါလာမှာပါ။

Ref : gsmarena