Honor က Play 6T နဲ့ ပိုစွမ်းရည်မြင့်တဲ့ Play 6T Pro ကို ကြေညာလိုက်ပြီး ၂ လုံးစလုံးမှာ 5G ထောက်ပံ့တဲ့ Dimensity Chipset ထည့်သွင်းထားကာ ဈေးနှုန်း ချိုသာပါတယ်။

Honor Play 6T မှာ ၆.၇ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ကင်မရာ ပါလာပါတယ်။ Dimensity 700 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

Honor Play 6T and Play 6T Pro arrive with Dimensity chipsets

Honor ဖုန်းတွေမှာ မမြင်ဖူးသေးတဲ့ ဒီဇိုင်း အသစ်ကို အနောက်ဘက်မှာ သုံးထားပြီး 13MP Main , 2MP , 2MP ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ Android 11 အခြေပြု Magic UI 5.0 မောင်းနှင်ထားပြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားကာ Fast Charging မပါလာပါဘူး။ အနက်၊ အပြာနဲ့ ငွေရောင် ထုတ်လုပ်ထားပြီး ၁,၁၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၃၅၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Honor Play 6T and Play 6T Pro arrive with Dimensity chipsets

Honor Play 6T Pro မှာ ၆.၇ လက်မ LCD မျက်နှာပြင် ပါလာပြီး 8MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Dimensity 810 Chip မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ အနောက်ဘက်မှာ 48MP နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး Android 11 အခြေပြု Magic UI 5.0 ပါပါတယ်။ 40W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး ငွေ၊ အနက်နဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ 128GB Storage ကို ၁,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena