Tipsetr Ishan Agarwal က တွစ်တာမှာ Honor Play 9A ရဲ့ ဒီဇိုင်းပုံစံတွေနဲ့ အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ Honor Play 9A ဟာ Entry-level အမျိုးအစားဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Play A8 ကို ဆက်ခံမယ်လို့ ပြောနိုင်ပါတယ်။

Honor Play 9A ကတော့ Play A8 ထက် ပိုကြီးတဲ့ ဘက်ထရီပမာဏအဖြစ် 5,000mAh ကို သုံးထားတယ်လို့ သိရပါတယ်။ မျက်နှာပြင်ကတော့ 6.3-inch ပတ်လည်ဖြစ်နိုင်ပြီး IPS HD+ အမျိုးအစား ဖြစ်မယ်လို့ ဆိုပါတယ်။ Waterdrop notch ထဲမှာတော့ 8MP selfie ကင်မရာတစ်လုံးရှိတယ်လို့လည်း သိရပါတယ်။

ကျောဘက်မှာတော့ အခုခေတ်စားနေတဲ့ စတုရန်းပုံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ 13MP အဓိကကင်မရာ၊ 2MP depth sensor နဲ့ LED ဖလက်ရှ်တို့ကို တွေ့မြင်ရပါတယ်။ စက်ဝိုင်းပုံစံ Fingerprint scanner ကလည်း ကျောဘက်ကိုယ်ထည်ပေါ်မှာ ရှိနေပါတယ်။

အတွင်းအစိတ်အပိုင်းအနေနဲ့ Helio P35 chipset ကို အသုံးပြုထားပြီး 4GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုကတော့ ရွေးချယ်စရာအဖြစ် 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ 5,000mAh ဘက်ထရီဆိုပေမယ့် 10W အားသွင်းစနစ်ပဲ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

Android 10 နဲ့ Honor Magic UI 3.0 ဖြစ်တာကြောင့် Google Services တွေ ပါဝင်ဖွယ်မရှိပါဘူး။ Honor Play 9A ကို အစိမ်း၊ အပြာနဲ့ အနက်ဆိုပြီး အရောင်သုံးမျိုး တွေ့ရပါတယ်။ Ishan Agarwal ကတော့ မကြာခင် တရုတ်ဈေးကွက်မှာ ဖြန့်ချိမယ်လို့ ဆိုထားတာကြောင့် ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena