Honor Play 9A ကိုလည်း ယနေ့မှာပဲ မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီရဲ့ စမတ်ဖုန်းလိုင်းအပ်ထဲကို ဘတ်ဂျက်စမတ်ဖုန်းသစ် တစ်ခု ထပ်တိုးလာတာပါပဲ။ Play 9A ဖုန်းမှာ 5,000 mAh ဘက္ထရီကြီးပါဝင်ပြီး Honor 9X နဲ့ Play 3 တို့ထက် 1,000 mAh ပိုများပေမယ့် သူတို့မှာလို 48MP ကင်မရာတော့ မပါလာပါဘူး။

Honor Play 9A ဖုန်းမှာ 6.3” လက်မ LCD Display ပါဝင်ပြီး Teardrop Notch လေးထဲမှာ 1080p Video တွေ ရိုက်ကူးနိုင်တဲ့ 8MP ဆဲလ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။ နောက်ဘက်မှာ 13MP f/1.8 အဓိကကင်မရာကလည်း 1080p Video ရိုက်ကူးနိုင်စွမ်းရှိပြီး 2MP Depth Sensor နဲ့တွဲဖက်ထားတယ်။ Fingerprint ကိုလည်း နောက်မှာပဲ မြင်ရမှာပါ။

အတွင်းမှာ MediaTek Helio P35 ချစ်ပ်ဆက် အသုံးပြုထားပြီး 4GB RAM နဲ့တွဲဖက်ထားပါတယ်။ စက်နှင်စနစ် ကတော့ Android 10 ကိုအခြေခံထားတဲ့ Magic UI 3.0.1 နဲ့သုံးစွဲရမှာပါ။ အခြေခံမော်ဒယ်က 64GB Storage က စတင်ပြီး 128GB ဗားရှင်းလည်း ရွေးချယ်နိုင်ပါတယ်။

5,000 mAh ဘက္ထရီကြီးကို ထောက်ပံ့ထားတာကတော့ အနည်းငယ်ဒိတ်အောက်နေတဲ့ MicroUSB Port ဖြစ်ပြီး 10W အားသွင်းစနစ်သာ ပါဝင်ပါတယ်။ 3.5mm Audio Jack ကိုလည်းတွေ့ရမှာဖြစ်ပြီး Huawei ရဲ့ Histen 6.0 Audio နည်းပညာကို အသုံးပြုထားပါတယ်။

Honor Play 9A ကို လောလောဆယ် Vmall.com ကနေသာ ကြိုတင်မှာယူနိုင်ပါသေးတယ်။ 64GB ဗားရှင်းဟာ တရုတ်ယွမ် ၉၀၀ (မြန်မာငွေ တစ်သိန်းရှစ်သောင်းနီးပါး) သာရှိပါတယ်။ 128GB မော်ဒယ်ကတော့ ယွမ်ငွေ ၁,၂၀၀ (မြန်မာငွေ နှစ်သိန်းသုံးသောင်းကျော်) ကျသင့်မှာပါ။ Night Black, Blue Emerald နဲ့ Jasper Green အရောင်သုံးမျိုးဖြင့် ရရှိနိုင်တဲ့ Play 9A ကို နိုင်ငံတကာဈေးကွက်သို့ ဘယ်လိုဖြန့်ချိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena