Honor Play4 Pro ကို ဇွန်လ ၃ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပေမယ့် အခုအချိန်ထိ သတင်းအချက်အလက် ယိုစိမ့်မှုက နည်းပါးလွန်းနေပါတယ်။ JD.com မှာ အရောင်းစာရင်းတင်ထားတယ်ဆိုပေမယ့် အချက်အလက်အကုန် မသိရသေးသလို၊ Geekbench ကလည်း အချက်အလက်အစုံအလင် မဖော်ပြနိုင်ပါဘူး။


အထူးသဖြင့် JD.com မှာ Honor Play4 Pro ရဲ့ ဈေးနှုန်းကိုတောင် ဖော်ပြမထားတာဖြစ်ပါတယ်။ ဒီတော့ Geekbench ကတစ်ဆင့် သိရတဲ့ Chipset နဲ့ RAM အကြောင်းလောက်ပဲ ပြောစရာ ရှိပါတော့တယ်။ Geekbench အရဆိုရင်တော့ Honor Play4 Pro ဟာ Kirin chipset သုံးထားပြီး 8GB of RAM နဲ့ တွဲဖက်ထားတယ်လို့ သိရပါတယ်။

Geekbench ရဲ့ ရလဒ်တွေကတော့ Single core မှာ ရမှတ် 740 ဖြစ်ပြီး Multi core မှာတော့ 2816 မှတ် ဖြစ်ပါတယ်။ Specs အနေနဲ့ဆိုရင်တော့ (octa-core, 1.86Hz base clock) ဖြစ်ပါတယ်။ ဒါကြောင့် Honor Play4 Pro ဟာ Kirin 990 သုံးထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ကို ပိုပြီး ခိုင်မာစေပါတယ်။ ကနဦးသတင်းအချို့မှာတော့ Kirin 820 ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။


အစောပိုင်းထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင် Honor Play4 Pro ဟာ 6.57-inch IPS LCD မျက်နှာပြင်၊ 1080 x 2340px resolution နဲ့ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 32MP+8MP (regular+ultrawide) Dual Selfie ကင်မရာနှစ်လုံး တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

ကျောဘက်မှာကတော့ Sony IMX600y 40MP အဓိကကင်မရာနဲ့ 8MP ultrawide တို့ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,200mAh ပမာဏဖြစ်ပြီး 40W အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းကတော့ တရားဝင်မိတ်ဆက်ချိန်မှပဲ သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena