Honor က ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပြီး 6000H Chip ပါတဲ့ Magicbook 14 လက်ပ်တော့၊ Active Noise-canceling ပါတဲ့ Earbuds X3 နားကြပ်၊ ဈေးပိုသက်သာတဲ့ X3i နားကြပ်နဲ့ TV တို့ ဖြစ်ပါတယ်။

Honor Magicbook 14 မှာ ၁၄ လက်မ QHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 185 PPI ၊ 170 Degree View နဲ့ 300 nits Brightness ထည့်သွင်းထားပါတယ်။ Ryzen 5 6600H သို့မဟုတ် Ryzen 7 6800H ရွေးချယ်နိုင်ပါတယ်။

Windows 11 မောင်းနှင်ထားပြီး 16GB RAM , 512GB Storage နဲ့ 75Wh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Ryzen 5 Version ကို ၅,၁၉၉ ယွမ်နဲ့ Ryzen 7 Version ကို ၅,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၄ သိန်း ၂ သောင်းနဲ့ ၁၅ သိန်း ၆ သောင်း ဝန်းကျင် ကျသင့်မှာပါ။

နားကြပ်အသစ်တွေက Earbuds X3 နဲ့ Earbuds X3i ဖြစ်ပြီး Earbuds X3 မှာ ANC ပါလာကာ Earbuds X3i မှာ ANC မပါပါဘူး။ Honor က နားကြပ်အသစ်တွေအကြောင်း အသေးစိတ် မပြောသွားပါဘူး။ X3 ဟာ Earbuds 3 Pro ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး X3i ဟာ တန်ဖိုးနည်း နားကြပ် ဖြစ်ကာ ၁၂၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၅,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Honor Smart TV X3 အတွက် ၅၅ လက်မနဲ့ ၆၅ လက်မ ၂ မျိုးနဲ့ Honor Smart TV X3i အတွက် ၅၅ လက်မ၊ ၆၅ လက်မနဲ့ ၇၅ လက်မ ၃ မျိုး ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၆ သောင်းဝန်းကျင်ကျသင့်မှာပါ။

အဲဒီ Device အားလုံးကို Honor ရဲ့ ဝက်ဘ်ဆိုက်၊ JD.com ၊ Tmall.com နဲ့ Suning တို့ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena