Zawgyi

Huawei ရဲ႕ Sub-brand ျဖစ္တဲ့ Honor ကေန လာမယ့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ Honor V30 စမတ္ဖုန္းေတြကို တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ အေစာပိုင္း Teaser ဓါတ္ပုံေတြအရေတာ့ အဆိုပါ V30 စမတ္ဖုန္းမွာ Dual Selfie Camera ပါမယ္ဆိုတာကို အတည္ျပဳသြားခဲ့ၿပီး အခုလည္း Teaser Video အသစ္ ၂ ခုကို ထပ္ၿပီး ထုတ္ေပးခဲ့ပါတယ္။

အခု Teaser Video ေတြကေတာ့ Honor V30 စမတ္ဖုန္းမွာ ပါဝင္လာမယ့္ 5G Connectivity ကို အဓိကျပသသြားခဲ့တာျဖစ္ၿပီးေတာ့ Honor V30 ဖုန္းမွာ Triple Camera Setup ပါဝင္လာမယ္ဆိုတာကိုပါ အတည္ျပဳသြားခဲ့ပါတယ္။ အဆိုပါ Triple Camera ေတြက Design ပိုင္းအေနနဲ႔ Samsung Galaxy M30s နဲ႔ ဆင္တူေနတာကိုလည္း ေတြ႕ရပါတယ္။

Honor V30 စမတ္ဖုန္းဟာ Dual Selfie Camera ကို Notch အစား Hole-punch Display နဲ႔မိတ္ဆက္လာမွာျဖစ္ၿပီးေတာ့ OLED Display အစား LCD Display ကိုပဲ အသုံးျပဳလာႏိုင္ပါတယ္။ ဒါ့အျပင္ Specs ပိုင္းအေနနဲ႔ကလည္း 5G ကို Support လုပ္မွာျဖစ္တဲ့အတြက္ Honor V30 Pro က Kirin 990 Processor နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ အဆိုပါ Honor V30 Pro ဖုန္းမွာေတာ့ Triple Camera အစား Quad Camera ကိုေျပာင္းလဲအသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။

Honor V30 စမတ္ဖုန္းေတြဟာ တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္မွာျဖစ္တဲ့အတြက္ Google Service နဲ႔ App ေတြ ပါဝင္ျခင္းရွိမရွိကိုလည္း အတည္ျပဳႏိုင္ျခင္းမရွိေသးပါဘူး။ ေနာက္ၿပီး အခု Honor V30 စမတ္ဖုန္းေတြနဲ႔အတူ Honor Magic 2 Smartwatch ကိုပါ မိတ္ဆက္သြားမယ္ဆိုၿပီး သတင္းေတြလည္း ထြက္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Honor V30 ဖုန္းေတြမိတ္ဆက္ဖို႔ အခ်ိန္အနည္းငယ္လိုေသးတဲ့အတြက္ လာမယ့္ရက္ပိုင္းမွာ ေနာက္ထပ္ အေသးစိတ္ Feature ေတြပါ ဆက္လက္ထြက္ေပၚလာႏိုင္ပါေသးတယ္။

Ref – GSM Arena

Unicode

Huawei ရဲ့ Sub-brand ဖြစ်တဲ့ Honor ကနေ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Honor V30 စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အစောပိုင်း Teaser ဓါတ်ပုံတွေအရတော့ အဆိုပါ V30 စမတ်ဖုန်းမှာ Dual Selfie Camera ပါမယ်ဆိုတာကို အတည်ပြုသွားခဲ့ပြီး အခုလည်း Teaser Video အသစ် ၂ ခုကို ထပ်ပြီး ထုတ်ပေးခဲ့ပါတယ်။

အခု Teaser Video တွေကတော့ Honor V30 စမတ်ဖုန်းမှာ ပါဝင်လာမယ့် 5G Connectivity ကို အဓိကပြသသွားခဲ့တာဖြစ်ပြီးတော့ Honor V30 ဖုန်းမှာ Triple Camera Setup ပါဝင်လာမယ်ဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။ အဆိုပါ Triple Camera တွေက Design ပိုင်းအနေနဲ့ Samsung Galaxy M30s နဲ့ ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။

Honor V30 စမတ်ဖုန်းဟာ Dual Selfie Camera ကို Notch အစား Hole-punch Display နဲ့မိတ်ဆက်လာမှာဖြစ်ပြီးတော့ OLED Display အစား LCD Display ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ဒါ့အပြင် Specs ပိုင်းအနေနဲ့ကလည်း 5G ကို Support လုပ်မှာဖြစ်တဲ့အတွက် Honor V30 Pro က Kirin 990 Processor နဲ့ ပွဲထွက်လာနိုင်ပါတယ်။ အဆိုပါ Honor V30 Pro ဖုန်းမှာတော့ Triple Camera အစား Quad Camera ကိုပြောင်းလဲအသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Honor V30 စမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်မှာဖြစ်တဲ့အတွက် Google Service နဲ့ App တွေ ပါဝင်ခြင်းရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ နောက်ပြီး အခု Honor V30 စမတ်ဖုန်းတွေနဲ့အတူ Honor Magic 2 Smartwatch ကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေလည်း ထွက်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Honor V30 ဖုန်းတွေမိတ်ဆက်ဖို့ အချိန်အနည်းငယ်လိုသေးတဲ့အတွက် လာမယ့်ရက်ပိုင်းမှာ နောက်ထပ် အသေးစိတ် Feature တွေပါ ဆက်လက်ထွက်ပေါ်လာနိုင်ပါသေးတယ်။

Ref – GSM Arena