Zawgyi

စမတ္ဖုန္းထုတ္လုပ္သူ Honor ဟာ Play 8 လို႔ေခၚတဲ့ ေစ်းသက္သာတဲ့ ဟန္းဆက္တစ္ခုကို ယေန႔ မိတ္ဆက္လိုက္ပါတယ္။ ဒါေပမယ့္ Honor Play 8 ဟာ ဖုန္းအသစ္စက္စက္တစ္လုံးေတာ့ မဟုတ္ပါဘူး။ ၄င္းဟာ တရုတ္ျပည္တြင္းေစ်းကြက္အတြက္ Honor 8S ကို ျပန္လည္မြမ္းမံၿပီး အမည္ေျပာင္းလာတာလို႔ ဆုိရမွာပါ။

Helio A22 ခ်စ္ပ္ဆက္အသုံးျပဳထားၿပီး ေနာက္ေက်ာမွာ ကင္မရာတစ္လုံးပဲပါတဲ့ ဒီဖုန္းရဲ႕ အဓိကဆြဲေဆာင္မႈက အေမရိကန္ေဒၚလာ ၁၂၀ (ျမန္မာေငြ တစ္သိန္းရွစ္ေသာင္း) သာရွိတဲ့ ေစ်းႏႈန္းပါ။

Honor Play 8 မွာ 5.71” LCD Display တစ္ခုပါဝင္ၿပီး အနည္းငယ္ထူတယ္လို႔ ဆုိႏုိင္တဲ့ Bezel ေဘာင္ေတြနဲ႔ အေပၚဘက္မွာ Waterdrop Notch တစ္ခုတုိ႔လည္း ပါဝင္တယ္။ HD+ Resolution နဲ႔ အသုံးျပဳႏုိင္ၿပီး ျမင္ကြင္းအခ်ဳိးက 19:9 ပါ။

ေနာက္ဘက္မွာရွိတဲ့ ကင္မရာဟာ 13MP f/1.8 Lens ပါဝင္ၿပီး HDR လို ေကာင္းမြန္တဲ့ Feature ေတြ ထည့္သြင္းလာတယ္။ ေရွ႕ဘက္ဆယ္ဖီကင္မရာကေတာ့ 5MP f/2.2 သာျဖစ္ပါတယ္။ သူ႕မွာ Fingerprint Scanner မပါဝင္ေပမယ့္ ဆယ္ဖီကင္မရာကိုအသုံးျပဳၿပီး Face-unlocking Feature ကိုထည့္ေပးထားတယ္။

အတြင္းမွာ 2GB RAM နဲ႔ 32GB Storage မန္မုိရီပါဝင္ကာ MicroSD ကတ္နဲ႔ 512GB ထိ ထပ္မံတုိးခ်ဲ႕ႏုိင္ပါတယ္။ ဒီဖုန္းဟာ Android Pie ကိုအေျခခံထားတဲ့ EMUI 9.0 နဲ႔အသုံးျပဳရမွာျဖစ္ၿပီး 3,020 mAh ဘကၳရီပါပါတယ္။ သူ႕ရဲ႕ေစ်းႏႈန္းကိုၾကည့္ရင္ Fast Charging တစ္ခုခုမပါလာတာကိုေတာ့ ခြင့္လႊတ္ႏုိင္ပါတယ္။

Ref – GSM Arena

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Honor ဟာ Play 8 လို့ခေါ်တဲ့ ေဈေးသက်သာတဲ့ ဟန်းဆက်တစ်ခုကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် Honor Play 8 ဟာ ဖုန်းအသစ်စက်စက်တစ်လုံးတော့ မဟုတ်ပါဘူး။ ၎င်းဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် Honor 8S ကို ပြန်လည်မွမ်းမံပြီး အမည်ပြောင်းလာတာလို့ ဆိုရမှာပါ။

Helio A22 ချစ်ပ်ဆက်အသုံးပြုထားပြီး နောက်ကျောမှာ ကင်မရာတစ်လုံးပဲပါတဲ့ ဒီဖုန်းရဲ့ အဓိကဆွဲဆောင်မှုက အမေရိကန်ဒေါ်လာ ၁၂၀ (မြန်မာငွေ တစ်သိန်းရှစ်သောင်း) သာရှိတဲ့ ဈေးနှုန်းပါ။

Honor Play 8 မှာ 5.71” LCD Display တစ်ခုပါဝင်ပြီး အနည်းငယ်ထူတယ်လို့ ဆိုနိုင်တဲ့ Bezel ဘောင်တွေနဲ့ အပေါ်ဘက်မှာ Waterdrop Notch တစ်ခုတို့လည်း ပါဝင်တယ်။ HD+ Resolution နဲ့ အသုံးပြုနိုင်ပြီး မြင်ကွင်းအချိုးက 19:9 ပါ။

နောက်ဘက်မှာရှိတဲ့ ကင်မရာဟာ 13MP f/1.8 Lens ပါဝင်ပြီး HDR လို ကောင်းမွန်တဲ့ Feature တွေ ထည့်သွင်းလာတယ်။ ရှေ့ဘက်ဆယ်ဖီကင်မရာကတော့ 5MP f/2.2 သာဖြစ်ပါတယ်။ သူ့မှာ Fingerprint Scanner မပါဝင်ပေမယ့် ဆယ်ဖီကင်မရာကိုအသုံးပြုပြီး Face-unlocking Feature ကိုထည့်ပေးထားတယ်။

အတွင်းမှာ 2GB RAM နဲ့ 32GB Storage မန်မိုရီပါဝင်ကာ MicroSD ကတ်နဲ့ 512GB ထိ ထပ်မံတိုးချဲ့နိုင်ပါတယ်။ ဒီဖုန်းဟာ Android Pie ကိုအခြေခံထားတဲ့ EMUI 9.0 နဲ့အသုံးပြုရမှာဖြစ်ပြီး 3,020 mAh ဘက္ထရီပါပါတယ်။ သူ့ရဲ့ဈေးနှုန်းကိုကြည့်ရင် Fast Charging တစ်ခုခုမပါလာတာကိုတော့ ခွင့်လွှတ်နိုင်ပါတယ်။

Ref – GSM Arena