[Zawgyi]

Honor က V30 Series ေတြကို ေၾကညာတဲ့ ပြဲမွာ Android 10 အေျချပဳ Magic UI 3.0 ရရွိမယ့္ Device စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အဲဒီဖုန္းေတြမွာ Magic UI 3.0 ထည့္သြင္းထားၿပီးသား ျဖစ္ပါတယ္။ လက္ရွိမွာ Beta Version ရထားတဲ့ Device ေတြ ျဖစ္တဲ့  Honor 20, Honor Magic 2, Honor 20 Pro, Honor 10 Lite, Honor V20 နဲ႔ Honor 20i တို႔က Final Version ကို ရၾကမွာပါ။

Magic UI 3.0 ရမယ္လို႔ ေၾကညာလိုက္တဲ့ Device အသစ္ေတြထဲမွာ  Honor 10, Honor 9X Pro, Honor V10, Honor 20S, Honor 8X, Honor 20 Lite (China) နဲ႔ Honor 9X တို႔ ပါပါတယ္။ Honor က အဲဒီ Device ေတြမွာ Magic UI 3.0 ျဖန္႔ခ်ိေပးမယ့္ အခ်ိန္ကိုေတာ့ မေျပာသြားပါဘူး။ အဲဒီ စာရင္းထဲမွာ Honor Play မပါလာ စိတ္မေကာင္းစရာျဖစ္ၿပီး Honor India က ဒီသတင္းကို ၿပီးခဲ့တဲ့လက အတည္ျပဳခဲ့ဖူးပါတယ္။

Magic UI 3.0 မွာ လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာပါတယ္။ Dark Mode  ထည့္သြင္းထားၿပီး Animations အသစ္ေတြ ပါလာပါတယ္။ စြမ္းေဆာင္ရည္ အပိုင္းမွာ တိုးတက္လာၿပီး Device မ်ိဳးစံုနဲ႔ လြယ္ကူလွ်င္ျမန္စြာ ခ်ိတ္ဆက္ႏုိင္ပါတယ္။ Android Auto လိုမ်ိဳး Smart HiCar Support ပါလာတဲ့အတြက္ ကားနဲ႔ ဖုန္းကို ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါတယ္။

Honor က V30 နဲ႔ V30 Pro စမတ္ဖုန္းေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့ပါတယ္။ အဲဒီဖုန္းေတြမွာ 5G ဆက္သြယ္မႈ ပါလာၿပီး ေစ်းသိပ္မႀကီးတဲ့ 5G စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ Honor MagicBook 14 နဲ႔ 15 Laptop ေတြကိုလည္း ခ်ျပခဲ့ပါတယ္။

Ref : gizmochina

[Unicode]

Honor က Magic UI 3.0 ရမယ့် Device စာရင်းကို ထုတ်ပြန်

Honor က V30 Series တွေကို ကြေညာတဲ့ ပွဲမှာ Android 10 အခြေပြု Magic UI 3.0 ရရှိမယ့် Device စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေမှာ Magic UI 3.0 ထည့်သွင်းထားပြီးသား ဖြစ်ပါတယ်။ လက်ရှိမှာ Beta Version ရထားတဲ့ Device တွေ ဖြစ်တဲ့ Honor 20, Honor Magic 2, Honor 20 Pro, Honor 10 Lite, Honor V20 နဲ့ Honor 20i တို့က Final Version ကို ရကြမှာပါ။

Magic UI 3.0 ရမယ်လို့ ကြေညာလိုက်တဲ့ Device အသစ်တွေထဲမှာ Honor 10, Honor 9X Pro, Honor V10, Honor 20S, Honor 8X, Honor 20 Lite (China) နဲ့ Honor 9X တို့ ပါပါတယ်။ Honor က အဲဒီ Device တွေမှာ Magic UI 3.0 ဖြန့်ချိပေးမယ့် အချိန်ကိုတော့ မပြောသွားပါဘူး။ အဲဒီ စာရင်းထဲမှာ Honor Play မပါလာ စိတ်မကောင်းစရာဖြစ်ပြီး Honor India က ဒီသတင်းကို ပြီးခဲ့တဲ့လက အတည်ပြုခဲ့ဖူးပါတယ်။

Magic UI 3.0 မှာ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ Dark Mode ထည့်သွင်းထားပြီး Animations အသစ်တွေ ပါလာပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ တိုးတက်လာပြီး Device မျိုးစုံနဲ့ လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်နိုင်ပါတယ်။ Android Auto လိုမျိုး Smart HiCar Support ပါလာတဲ့အတွက် ကားနဲ့ ဖုန်းကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

Honor က V30 နဲ့ V30 Pro စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ 5G ဆက်သွယ်မှု ပါလာပြီး ဈေးသိပ်မကြီးတဲ့ 5G စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Honor MagicBook 14 နဲ့ 15 Laptop တွေကိုလည်း ချပြခဲ့ပါတယ်။

Ref : gizmochina