အခုနောက်ပိုင်းမှာ Huawei နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေက ဆက်တိုက်ကို Wi-Fi 6 Router တွေမိတ်ဆက်နေပြီးတော့ အခုလည်း Honor ကနေ ကုမွဏီရဲ့ ပထမဆုံး Wi-Fi 6+ Router ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Wi-Fi 6+ Router အသစ်ကိုတော့ Honor Router 3 လို့ နာမည်ပေးထားပါတယ်။

Honor Router 3 က Design ပိုင်းအရ Huawei AX3 Series Router တွေနဲ့ ဆင်တူပြီး Specification အနေနဲ့လည်း Huawei AX3 Router နဲ့ ဆင်တူတယ်လို့ ပြောလို့ရပါတယ်။ Huawei ရဲ့ ROTS System ကိုပဲ အသုံးပြုထားတဲ့အတွက် Huawei Smart Life App ကနေ တစ်ဆင့် အလွယ်တကူထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

Network Frequency တွေအနေနဲ့ 2.4GHz (574Mbps) နဲ့ 5GHz (2402Mbps) ဆိုပြီး Frequency ၂ မျိုးစလုံး တစ်ပြိုင်နက်ထဲ Maximuum Transmission Rate အနေနဲ့ 3976Mbps အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။ Wi-Fi Strength အနေနဲ့လည်း ကောင်းမွန်စေဖို့အတွက် Antenna ၄ ခုအထိ ပါဝင်မှာဖြစ်ပါတယ်။

တခြား Feature တွေအနေနဲ့ကတော့ Wi-Fi Protocol တွေဖြစ်တဲ့ 802.3 ၊ 802.3u နဲ့ 802.3ab တွေအပြင် Wall Penetration ၊ Standard နဲ့ Sleep ဆိုပြီး Mode ၃ မျိုးကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Honor Router 3 ဟာ 219 Yuan (မြန်မာငွေ ၄ သောင်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China