ဒီနှစ် ဘာလင်မှာ IFA နည်းပညာ ပြပွဲကို ကိုဗစ်-၁၉ ကြောင့် အသွင်တစ်မျိုးနဲ့ ကျင်းပမှာ ဖြစ်ပြီး မီဒီယာ သမားတွေပဲ ပွဲတက်နိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူတွေ လာလို့ မရပါဘူး။ ဒီနှစ်မှာ စက်တင်ဘာလ ၃ ရက်နေ့နဲ့ ၅ ရက်နေ့အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။

realme က ဒီနှစ်ပွဲမှာ ပါဝင် ပြသမယ်လို့ အတည်ပြုထားပြီး အခုတော့ Honor က စက်တင်ဘာလ ၄ ရက်နေ့ IFA Event အတွက် ဖိတ်စာတွေကို မီဒီယာတွေအား မျှဝေလိုက်ပါတယ်။ Honor က သူ့ရဲ့ပွဲအတွက် Theme ကို “Expand Your Smart Life” လို့ နာမည်ပေးထားပြီး စမတ်လက်ပတ်၊ ကွန်ပြူတာ၊ တက်ဘလက် အပါအဝင် ထုတ်ကုန်များစွာကို ကြေညာမှာ ဖြစ်ပါတယ်။ Honor ရဲ့ ဓါတ်ပုံမှာ ဖုန်း ၁ လုံးလည်း ပါနေပါတယ်။

အဲဒီပွဲကို တက်မယ့် စမတ်ဖုန်း ကုမ္ပဏီတွေထဲမှာ LG, TCL နဲ့ Huawei တို့ ပါဝင်ပြီး ပွဲ ပထမဆုံးနေ့မှာ ကြေညာကြမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲကို Qualcomm က စတင် ကျင်းပမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းအတွက် ကုမ္ပဏီရဲ့ ရည်ရွယ်ချက်တွေကို သိရမှာပါ။

IFA ပွဲမှာ နာမည်ကြီး ကုမ္ပဏီတွေ ပါလာတဲ့အတွက် ပိုကြီးကျယ်သွားနိုင်ပေမယ့် ကပ်ရောဂါကြောင့် ခရီးသွားတာ ကန့်သတ်မှုတွေ ရှိတဲ့အတွက် အများစုကတော့ ဒေသတွင်း မိတ်ဆက်ချိန်မှပဲ တက်ရောက်မယ်လို့ထင်ပါတယ်။

Ref : gsmarena