[Zawgyi]

ႏိုဝင္ဘာလဆန္းကတည္းက တ႐ုတ္ Carrier Listing အရ Honor V30 ဟာ 5G စမတ္ဖုန္းျဖစ္တယ္ဆိုတာကို သိခဲ့ရပါတယ္။ ဒီေပါက္ၾကားမႈျဖစ္ၿပီး ေနာက္တစ္ပါတ္မွာေတာ့ Honor V30 5G ကို ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ ေၾကညာမယ္ဆိုတဲ့ သတင္းထြက္ေပၚလာခဲ့ပါတယ္။

ႏိုဝင္ဘာလလယ္ေရာက္ဖို႔ ႏွစ္ရက္အလိုမွာ Honor ဟာ V30 အတြက္ Teaser ဗီဒီယို ႏွစ္ခု ထုတ္လႊတ္ခဲ့ပါတယ္။ ဒီဗီဒီယိုေတြေၾကာင့္ V30 ဟာ ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားတယ္ဆိုတာ ေသခ်ာသေလာက္ ျဖစ္သြားခဲ့ပါၿပီ။ အေရွ႕ဘက္ဖန္သားျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာေတာ့ Selfie ကင္မရာကို Punch-hole ထဲမွာ ထည့္သြင္းေပးထားတာလည္း ျမင္ေတြ႕ခဲ့ရၿပီးသား ျဖစ္ပါတယ္။

Teaser ဗီဒီယိုေတြထြက္ၿပီး နာရီပိုင္းအတြင္းမွာပဲ V30 ရဲ႕ ကင္မရာအစြမ္းကို ခပ္ႂကြားႂကြားျပသထားတဲ့ နမူနာဓါတ္ပုံလည္း ထြက္ေပၚလာခဲ့ျပန္ပါေတာ့တယ္။ Honor ရဲ႕ တရားဝင္ Weibo အေကာင့္မွာ ေဖာ္ျပခဲ့တဲ့ ဒီပုံဟာ သဘာဝနဲ႔ အနီးစပ္ဆုံးအေရာင္အေသြး၊ အလင္းအေမွာင္ကို ဖမ္းယူထားႏိုင္သလို၊ အေသးစိတ္က်က် ၾကည္လင္ျပတ္သားမႈကိုလည္း ထုတ္လုပ္ေပးႏိုင္စြမ္းရွိတာ ေတြ႕ရပါတယ္။

ဒါေပမယ့္ Weibo မွာေဖာ္ျပထားတဲ့ ႐ုပ္ပုံက မူရင္းအတိုင္းမဟုတ္ဘဲ အ႐ြယ္အစား ျပဳျပင္ထားတာေၾကာင့္ V30 ကင္မရာရဲ႕ အရည္အေသြးအစစ္အမွန္ကို အကဲျဖတ္လို႔မရေသးတဲ့ အေျခအေနတစ္ခုမွာေတာ့ ရွိေနပါေသးတယ္။ ေကာလာဟလေတြအရေတာ့ Honor ဟာ 60MP Sensor သစ္ကို အသုံးျပဳမယ္လို႔ သိရပါတယ္။ တကယ္ဟုတ္မဟုတ္ကို ရက္ပိုင္းေလာက္ေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

60MP Sensor သုံးလာမယ့် Honor V30 နဲ့ရိုက်ကူးထားတဲ့ နမူနာဓါတ်ပုံ ပေါ်ထွက်လာ

နိုဝင်ဘာလဆန်းကတည်းက တရုတ် Carrier Listing အရ Honor V30 ဟာ 5G စမတ်ဖုန်းဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီပေါက်ကြားမှုဖြစ်ပြီး နောက်တစ်ပါတ်မှာတော့ Honor V30 5G ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နိုဝင်ဘာလလယ်ရောက်ဖို့ နှစ်ရက်အလိုမှာ Honor ဟာ V30 အတွက် Teaser ဗီဒီယို နှစ်ခု ထုတ်လွှတ်ခဲ့ပါတယ်။ ဒီဗီဒီယိုတွေကြောင့် V30 ဟာ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတယ်ဆိုတာ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။ အရှေ့ဘက်ဖန်သားပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာတော့ Selfie ကင်မရာကို Punch-hole ထဲမှာ ထည့်သွင်းပေးထားတာလည်း မြင်တွေ့ခဲ့ရပြီးသား ဖြစ်ပါတယ်။

Teaser ဗီဒီယိုတွေထွက်ပြီး နာရီပိုင်းအတွင်းမှာပဲ V30 ရဲ့ ကင်မရာအစွမ်းကို ခပ်ကြွားကြွားပြသထားတဲ့ နမူနာဓါတ်ပုံလည်း ထွက်ပေါ်လာခဲ့ပြန်ပါတော့တယ်။ Honor ရဲ့ တရားဝင် Weibo အကောင့်မှာ ဖော်ပြခဲ့တဲ့ ဒီပုံဟာ သဘာဝနဲ့ အနီးစပ်ဆုံးအရောင်အသွေး၊ အလင်းအမှောင်ကို ဖမ်းယူထားနိုင်သလို၊ အသေးစိတ်ကျကျ ကြည်လင်ပြတ်သားမှုကိုလည်း ထုတ်လုပ်ပေးနိုင်စွမ်းရှိတာ တွေ့ရပါတယ်။

ဒါပေမယ့် Weibo မှာဖော်ပြထားတဲ့ ရုပ်ပုံက မူရင်းအတိုင်းမဟုတ်ဘဲ အရွယ်အစား ပြုပြင်ထားတာကြောင့် V30 ကင်မရာရဲ့ အရည်အသွေးအစစ်အမှန်ကို အကဲဖြတ်လို့မရသေးတဲ့ အခြေအနေတစ်ခုမှာတော့ ရှိနေပါသေးတယ်။ ကောလာဟလတွေအရတော့ Honor ဟာ 60MP Sensor သစ်ကို အသုံးပြုမယ်လို့ သိရပါတယ်။ တကယ်ဟုတ်မဟုတ်ကို ရက်ပိုင်းလောက်တော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena