[Zawgyi]

Huawei ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Honor ဟာ 8-inch အ႐ြယ္အစားမ်က္ႏွာျပင္နဲ႔ Honor Tab 5 ကို ၿပီးခဲ့တဲ့ရက္က ေၾကညာခဲ့ပါတယ္။ အဆိုပါ Tab ဟာ (1200 x 1920 px) Full HD Resolution နဲ႔ျဖစ္ေပမယ့္ Kirin 710 ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။

Honor Tab 5 ဟာ စြမ္းရည္ျမင့္ Tablet တစ္လုံးမဟုတ္ေပမယ့္ ေက်ာဘက္ကိုယ္ထည္ကိုေတာ့ သတၱဳအမ်ိဳးအစားနဲ႔ တည္ေဆာက္ေပးထားပါတယ္။ ဒါေပမယ့္ Honor Tab 5 ဟာ ကိုင္တြယ္ရေကာင္းမြန္ေအာင္ ပါးလႊာတဲ့ ဒီဇိုင္းနဲ႔ ဖြဲ႕စည္းထားတယ္လို႔ ဆိုပါတယ္။

Tablet ရဲ႕ အေရွ႕ဘက္မွွာ 8MP ကင္မရာ တစ္လုံးကို တပ္ဆင္ေပးထားၿပီး ေက်ာဘက္မွာလည္း Autofocus နဲ႔ 8MP ကင္မရာတစ္လုံးကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကင္မရာႏွစ္လုံးစလုံးမွာေတာ့ LED Flash ပါဝင္ျခင္းမရွိပါဘူး။ ေဖ်ာ္ေျဖေရးအတြက္ Tablet ရဲ႕ အထက္နဲ႔ ေအာက္ဘက္မွာ စပီကာေတြကို တပ္ဆင္ေပးထားတာလည္း ေတြ႕ရပါတယ္။

စြမ္းရည္ျမင့္ Tablet တစ္လုံးမဟုတ္ေပမယ့္ GPU Turbo 2.0 ပါဝင္တာေၾကာင့္ Graphic အျမင့္မဟုတ္တဲ့ ဂိမ္းေတြကို ေကာင္းမြန္ေခ်ာေမြ႕စြာနဲ႔ ကစားႏိုင္မွာ ျဖစ္ပါတယ္။ Memory အေနနဲ႔ 3GB ဒါမွမဟုတ္ 4GB of RAM ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္သလို Storage မွာလည္း 32GB ဒါမွမဟုတ္ 64GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ MicroSD နဲ႔လည္း 512GB အထိ တိုးခ်ဲ႕ႏိုင္ပါတယ္။

Honor Tab 5 အတြက္ အသုံးျပဳေပးထားတဲ့ ဘက္ထရီဟာ 5,100mAh ျဖစ္တာေၾကာင့္ Tablet တစ္လုံးအတြက္ လုံေလာက္တဲ့ ဘက္ထရီလို႔ ဆိုရမွာပါ။ လက္ရွိအခ်ိန္ထိေတာ့ ဒီ Tablet ကို တ႐ုတ္ျပည္တြင္းမွာပဲ ေရာင္းခ်ေပးဦးမယ္လို႔ သိရၿပီး ျပည္ပေဈးကြက္ကို တင္ပို႔ဖို႔ရွိ၊ မရွိေတာ့မသိရေသးပါဘူး။

Honor Tab 5 ကို Wi-Fi နဲ႔ Cellular အျဖစ္ Version ႏွစ္မ်ိဳး ေရာင္းခ်ေပးမယ္လို႔လည္း သိရပါတယ္။ Wi-Fi Version ကေတာ့ CNY 1,099 (~$164) (ျမန္မာေငြ ၂ သိန္း ၅ ေသာင္းဝန္းက်င္) က စတင္မွာျဖစ္ၿပီး Cellular Version ကေတာ့ CNY 1,399 (~$209) (ျမန္မာေငြ ၃ သိန္း ၁ ေသာင္းခြဲ ဝန္းက်င္) ကေန စတင္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

8-inch မျက်နှာပြင်၊ 5,100mAh ဘက်ထရီနဲ့ Honor Tab 5 ကို ကြေညာ

Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ဟာ 8-inch အရွယ်အစားမျက်နှာပြင်နဲ့ Honor Tab 5 ကို ပြီးခဲ့တဲ့ရက်က ကြေညာခဲ့ပါတယ်။ အဆိုပါ Tab ဟာ (1200 x 1920 px) Full HD resolution နဲ့ဖြစ်ပေမယ့် Kirin 710 CPU ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Honor Tab 5 ဟာ စွမ်းရည်မြင့် Tablet တစ်လုံးမဟုတ်ပေမယ့် ကျောဘက်ကိုယ်ထည်ကိုတော့ သတ္တုအမျိုးအစားနဲ့ တည်ဆောက်ပေးထားပါတယ်။ ဒါပေမယ့် Honor Tab 5 ဟာ ကိုင်တွယ်ရကောင်းမွန်အောင် ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Tablet ရဲ့ အရှေ့ဘက်မှှာ 8MP ကင်မရာ တစ်လုံးကို တပ်ဆင်ပေးထားပြီး ကျောဘက်မှာလည်း Autofocus နဲ့ 8MP ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာနှစ်လုံးစလုံးမှာတော့ LED Flash ပါဝင်ခြင်းမရှိပါဘူး။ ဖျော်ဖြေရေးအတွက် Tablet ရဲ့ အထက်နဲ့ အောက်ဘက်မှာ စပီကာတွေကို တပ်ဆင်ပေးထားတာလည်း တွေ့ရပါတယ်။

စွမ်းရည်မြင့် Tablet တစ်လုံးမဟုတ်ပေမယ့် GPU Turbo 2.0 ပါဝင်တာကြောင့် Graphic အမြင့်မဟုတ်တဲ့ ဂိမ်းတွေကို ကောင်းမွန်ချောမွေ့စွာနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ Memory အနေနဲ့ 3GB ဒါမှမဟုတ် 4GB of RAM ဆိုပြီး ရွေးချယ်နိုင်သလို Storage မှာလည်း 32GB ဒါမှမဟုတ် 64GB ဆိုပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် MicroSD နဲ့လည်း 512GB အထိ တိုးချဲ့နိုင်ပါတယ်။

Honor Tab 5 အတွက် အသုံးပြုပေးထားတဲ့ ဘက်ထရီဟာ 5,100mAh ဖြစ်တာကြောင့် Tablet တစ်လုံးအတွက် လုံလောက်တဲ့ ဘက်ထရီလို့ ဆိုရမှာပါ။ လက်ရှိအချိန်ထိတော့ ဒီ Tablet ကို တရုတ်ပြည်တွင်းမှာပဲ ရောင်းချပေးဦးမယ်လို့ သိရပြီး ပြည်ပဈေးကွက်ကို တင်ပို့ဖို့ရှိ၊ မရှိတော့မသိရသေးပါဘူး။

Honor Tab 5 ကို Wi-Fi နဲ့ Cellular အဖြစ် Version နှစ်မျိုး ရောင်းချပေးမယ်လို့လည်း သိရပါတယ်။ Wi-Fi version ကတော့ CNY 1,099 (~$164) (မြန်မာငွေ ၂ သိန်း ၅ သောင်းဝန်းကျင်) က စတင်မှာဖြစ်ပြီး Cellular version ကတော့ CNY 1,399 (~$209) (မြန်မာငွေ ၃ သိန်း ၁ သောင်းခွဲ ဝန်းကျင်) ကနေ စတင်မယ်လို့ သိရပါတယ်။

Ref: GSMArena