Zawgyi

မၾကာခင္အခ်ိန္အတြင္းမွာ Honor V30 စမတ္ဖုန္းသစ္ကို မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး ရုိးရုိးဗားရွင္းအျပင္ V30 Pro ေမာ္ဒယ္ကိုလည္း ျမင္ရမယ္လို႔ သတင္းထြက္ထားပါတယ္။ ဒါေပမယ့္ Honor ရဲ႕ ထုတ္ကုန္သစ္မိတ္ဆက္ပြဲမွာ ျမင္ရမွာက ဒီစမတ္ဖုန္းအသစ္ႏွစ္လုံးသာမကဘဲ Honor Tab 6 လည္း ပါဝင္ေနပုံပါပဲ။

တရုတ္ဆုိရွယ္မီဒီယာျဖစ္တဲ့ Weibo သုံးစြဲသူတစ္ေယာက္က Honor V30 မိတ္ဆက္ပြဲမွာ Honor Tab 6 ကိုပါ မိတ္ဆက္လာမယ္လို႔ ေရးသားေဖာ္ျပထားခဲ့ၿပီး Tab 6 မွာ Kirin 810 ခ်စ္ပ္ဆက္ကို သုံးစြဲလာႏုိင္တယ္လို႔ပါ ဆုိထားပါတယ္။ ဒါေပမယ့္ Honor V30 မိတ္ဆက္ပြဲအတြက္ ေန႔စြဲကိုေတာ့ ကုမၸဏီက တရားဝင္မေၾကညာရေသးပါဘူး။

Honor Tab 5 ကို အခုႏွစ္ မတ္လကမွ မိတ္ဆက္ခဲ့တာပါ။ သူ႕မွာ 8” လက္မအရြယ္ 1920 x 1200p Display နဲ႔အတူ Kirin 710 ခ်စ္ပ္ဆက္ ပါဝင္ခဲ့ပါတယ္။ ထိုအခ်ိန္ကေတာ့ 3/32GB နဲ႔ 4/64GB ဆုိၿပီး ထြက္ရွိခဲ့ကာ ဘကၳရီက 5,100 mAh ျဖစ္ပါတယ္။

Honor Tab 6 ကိုေတာ့ Android 10 OS ကို အေျခခံထားတဲ့ Magic UI အသစ္နဲ႔ ထြက္ရွိလာမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Honor Tab 5 တုန္းက 10W အားသြင္းစနစ္သာ ပါဝင္ခဲ့တာေၾကာင့္ ဒီတစ္ခါ သိသိသာသာ ပိုျမန္တဲ့ အားသြင္းစနစ္လည္း ပါဝင္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ Honor V30 နဲ႔ပတ္သက္တဲ့ သတင္းေတြက ေတာ္ေတာ္ထြက္ေနၿပီျဖစ္တာေၾကာင့္ မိတ္ဆက္ပြဲသတင္းကို မၾကာခင္ၾကားသိရမွာျဖစ္ၿပီး Honor Tab 6 အေၾကာင္းကိုလည္း ပြဲရက္နီးလာတာနဲ႔ ပုိသိလာရမွာပါ။

Ref – Gizmo China

Unicode

မကြာခင်အချိန်အတွင်းမှာ Honor V30 စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပြီး ရိုးရိုးဗားရှင်းအပြင် V30 Pro မော်ဒယ်ကိုလည်း မြင်ရမယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် Honor ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ မြင်ရမှာက ဒီစမတ်ဖုန်းအသစ်နှစ်လုံးသာမကဘဲ Honor Tab 6 လည်း ပါဝင်နေပုံပါပဲ။

တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Weibo သုံးစွဲသူတစ်ယောက်က Honor V30 မိတ်ဆက်ပွဲမှာ Honor Tab 6 ကိုပါ မိတ်ဆက်လာမယ်လို့ ရေးသားဖော်ပြထားခဲ့ပြီး Tab 6 မှာ Kirin 810 ချစ်ပ်ဆက်ကို သုံးစွဲလာနိုင်တယ်လို့ပါ ဆိုထားပါတယ်။ ဒါပေမယ့် Honor V30 မိတ်ဆက်ပွဲအတွက် နေ့စွဲကိုတော့ ကုမ္ပဏီက တရားဝင်မကြေညာရသေးပါဘူး။

Honor Tab 5 ကို အခုနှစ် မတ်လကမှ မိတ်ဆက်ခဲ့တာပါ။ သူ့မှာ 8” လက်မအရွယ် 1920 x 1200p Display နဲ့အတူ Kirin 710 ချစ်ပ်ဆက် ပါဝင်ခဲ့ပါတယ်။ ထိုအချိန်ကတော့ 3/32GB နဲ့ 4/64GB ဆိုပြီး ထွက်ရှိခဲ့ကာ ဘက္ထရီက 5,100 mAh ဖြစ်ပါတယ်။

Honor Tab 6 ကိုတော့ Android 10 OS ကို အခြေခံထားတဲ့ Magic UI အသစ်နဲ့ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Honor Tab 5 တုန်းက 10W အားသွင်းစနစ်သာ ပါဝင်ခဲ့တာကြောင့် ဒီတစ်ခါ သိသိသာသာ ပိုမြန်တဲ့ အားသွင်းစနစ်လည်း ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ Honor V30 နဲ့ပတ်သက်တဲ့ သတင်းတွေက တော်တော်ထွက်နေပြီဖြစ်တာကြောင့် မိတ်ဆက်ပွဲသတင်းကို မကြာခင်ကြားသိရမှာဖြစ်ပြီး Honor Tab 6 အကြောင်းကိုလည်း ပွဲရက်နီးလာတာနဲ့ ပိုသိလာရမှာပါ။

Ref – Gizmo China