Honor ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို TENAA မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က HJC-AN00 ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ ၆.၅၃ လက်မ မျက်နှာပြင် အပါအဝင် Specs တချို့ကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။ တစ်ချိန်ထဲမှာပဲ နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Digital Chat Station က Honor ရဲ့ ဖုန်း အသစ် ၁ လုံးရဲ့ Specs တွေကို သတင်းပေးလာပြီး TENAA က ဖုန်းနဲ့ သွားတူနေပါတယ်။ အဲဒီ Honor ဖုန်းမှာ Dimensity 800U Chipset , 66W Fast Charging နဲ့ 3,800mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Honor to launch a new midranger with 66W fast charging, looks suspiciously familiar

အဲဒီ ဖုန်းရဲ့  ကျန်တဲ့ Specs တွေဟာ Huawei nova 8 SE နဲ့ လုံးဝ တူညီနေပါတယ်။ အဲဒီအတွက် Honor ဟာ မိခင် ကုမ္ပဏီ Huawei ရဲ့ ဖုန်းကို Honor Brand အောက်ကနေ ရောင်းချဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။

Huawei nova 8 SE pictures, official photos

အဲဒီ Honor ဖုန်း အသစ်မှာ Huawei nova 8 SE ရဲ့ 60Hz Refresh Rate , OLED Panel , Full HD+ Resolution နဲ့ 16MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၄ လုံးက 64MP + 8MP + 2MP + 2MP တွေ ဖြစ်ပါတယ်။

Huawei nova 8 SE ကို တရုတ်မှာ ၂,၅၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၅ သိန်း ၈ ထောင်လောက် ကျသင့်မှာပါ။ Honor က အဲဒီထက် ဈေးသက်သာစွာနဲ့ ရောင်းမယ်လို့ ထင်ရပါတယ်။

Ref : gsmarena