Honor ကနေ အခုအချိန်မှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Honor Play 4 Pro နဲ့ Honor Play 4 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါဖုန်းတွေဟာ နာမည်အရတော့ မကွာခြားပေမယ့် ပါဝင်တဲ့ Specification တွေကတော့ ကွာခြားနေပါတယ်။

Honor Play 4 Pro ဖုန်းဟာ Kirin 990 Chipset ပါဝင်ပြီးတော့ RAM 8GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 40MP RYYB Sony IMX600 Sensor ကို အသုံးပြုထားပြီးတော့ 3x Optical Zoom နဲ့ 30x Digital Zoom အထိ Support ပေးနိုင်တဲ့ 8MP Telephoto Sensor လည်းပါဝင်မှာပါ။ Autofocus အတွက်လည်း Laser Autofocus ပါဝင်မယ်လို့ သိရပါတယ်။

Video ပိုင်းအနေနဲ့ကတော့ 4K 60fps Video တွေကို ရိုက်ကူးနိုင်မှာဖြစ်သလို OIS မပါဝင်ပေမယ့် AIS Stabilization ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Primary နဲ့ 8MP Ultrawide Sensor တွေကို Punch-hole Design နဲ့ ထည့်သွင်းထားပါတယ်။

Display အနေနဲ့ကတော့ 6.57″ Full HD+ LCD Display ကို အသုံးပြုထားပြီး Battery အနေနဲ့ကတော့ 4200mAh Battery ပါဝင်မှာပါ။ 40W Fast Charging ကြောင့် မိနစ် ၃၀ အားသွင်းရုံနဲ့ 0-70% အထိ အားသွင်းနိုင်မယ်လို့လည်းသိရပါတယ်။

Honor Play 4 ဖုန်းအနေနဲ့ကတော့ MediaTek Dimensity 800 Chipset ကိုပဲ အသုံးပြုထားပြီးတော့ RAM 8GB နဲ့ 128GB Storage ပါဝင်တာကတော့ ဆင်တူမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အနေနဲ့ကတော့ Single 16MP Sensor ပဲပါဝင်မှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.81″ Full HD+ LCD Display ကို အသုံးပြုထားပြီး 22.5W Fast Charging ကိုပဲ Support ပြုလုပ်နိုင်တဲ့ 4300mAh Battery ကို ထည့်သွင်းပေးထားပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ Honor Play 4 Pro ကို တရုတ်ယွမ်ငွေ ၂,၉၀၀ (မြန်မာငွေ ၅ သိန်း ၇ သောင်းဝန်းကျင်) နဲ့ Honor Play 4 ဖုန်းကိုတော့ တရုတ်ယွမ်ငွေ ၂,၀၀၀ (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena