[Zawgyi]





Ref : gizmochina

[Unicode]

Honor V,X,Play Series တွေအတွက် 5G Model ထုတ်ပေးမယ်လို့ အတည်ပြု

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ Honor V30 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Model ဖြစ်ပြီး Huawei Mate X 5G Foldable Model ပြီးနောက် ထွက်လာတာပါ။ အရင်ကတော့ Huawei ရဲ့ ၁ လုံးထဲသော 5G ဖုန်းက Mate 20X ဖြစ်ပါတယ်။ Honor V30 Series တွေဟာ ယွမ် ၃,၀၀၀ ( မြန်မာငွေ ၆၄၀,၀၀၀)ဈေးထဲမှာ ရှိတဲ့ ၁ ခုထဲသော 5G Dual-mode ဖုန်း ဖြစ်ပါတယ်။

Honor V30 Series မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ ဥက္ကဌ George Zhao က 5G ဖုန်းတွေနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို မီဒီယာတွေအား ပြောပြခဲ့ပါတယ်။ သူက လာမယ့်နှစ်ထုတ် Play Series, V Series, Digital Series နဲ့ X Series တွေ အားလုံးမှာ 5G ဆက်သွယ်မှု ပါမယ်လို့ အတည်ပြုခဲ့ပါတယ်။

Zhao က လက်ရှိမှာ V Series တွေကို ယွမ် ၃,၀၀၀ နဲ့ ၄,၅၀၀ ( မြန်မာငွေ ၆၄၀,၀၀၀ နဲ့ ၉၆၀,၀၀၀)ကြားမှာ ရောင်းပေးထားပြီး အနာဂတ် 5G Model တွေကို ယွမ် ၂,၀၀၀ ၊ ၁,၅၀၀ နဲ့ ၁,၀၀၀ လောက်နဲ့တောင် ရောင်းပေးမယ်လို့ ပြောပါတယ်။ မြန်မာငွေ ၄၂၀,၀၀၀ နဲ့ ၂၁၀,၀၀၀ ကြားလောက်ပဲ ရှိတော့မှာပါ။ 5G Model တွေ ရောင်းပေးမယ့် အချိန်ကိုတော့ သူ မပြောသွားပါဘူး။ 5G ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် တန်ဖိုးနည်း ဖုန်းတွေမှာ Chips, Battery နဲ့ တခြား Hardware တွေကို အဆင့်မြှင့်ဖို့ လိုအပ်နေပြီလို့ ပြောသွားပါတယ်။

ဒီနှစ်ထဲထွက်တဲ့ 5G ဖုန်း အများစုဟာ ဈေးအရမ်းကြီးပြီး ဘောစိတွေပဲ ကိုင်နိုင်ပါတယ်။ လာမယ့်နှစ်မှာတော့ တန်ဖိုးနည်း 5G ဖုန်းတွေ အပြိုင်ကြဲပြီး ထွက်လာတော့မယ်လို့ ထင်ရပါတယ်။

Ref : gizmochina