Zawgyi

Honor V20 ကို မၾကာေသးခင္ကမွ တရားဝင္ မိတ္ဆက္ခဲ့ျပီး တရားဝင္ မိတ္ဆက္ပြဲမတိုင္ခင္ ကတည္းက Honor V20 ရဲ႕ AnTuTu ရမွတ္ေတြထြက္ေပၚခဲ့ျပီး ေပါက္ၾကားထားတဲ့ AnTuTu ရမွတ္ေတြနဲ႔ ကြဲလြဲေနတာေတြ႔ရပါတယ္။ တရားဝင္ထြက္ေပၚလာမယ့္ AnTuTu ရမွတ္ကေတာ့ 310,000 နဲ႔အထက္ ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါျပီ။ V20 ကို တရားဝင္ မိတ္မဆက္ခင္ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ Screenshot တစ္ခုမွာေတာ့ Honor V20 ဟာ AnTuTu ရမွတ္ 310,202 ရရွိထားတာကိုေတြ႔ရပါတယ္။ အခုလို AnTuTu ရမွတ္ေတြ ကြဲျပားေနရတဲ့ အေၾကာင္းရင္းကေတာ့ ဖုန္းတစ္လံုးနဲ႔ တစ္လံုးမွာ အသံုးျပဳထားတဲ့ ေဆာ့ဖ္ဝဲလ္ ဗားရွင္းကြဲျပားေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုပဲ ကြဲျပားပါေစ Honor V20 ရဲ႕ AnTuTu ရမွတ္ဟာ ေယဘူယ် အေနနဲ႔ သံုးသိန္းဝန္းက်င္မွာ ရွိေနပါတယ္။ တရားဝင္ ေရာင္းခ်တဲ့ အခ်ိန္မွာ လံုးဝ Stable ျဖစ္တဲ့ ေဆာ့ဖ္ဝဲလ္ အသံုးျပဳထားတဲ့ Homor V20 ေတြနဲ႔ စမ္းသပ္ႏိုင္မွာျဖစ္ျပီး အဲ့အခ်ိန္က်ရင္ေတာ့ AnTuTu ရမွတ္ သံုးသိန္း တစ္ေသာင္းနဲ႔ အထက္ အသာေလးေက်ာ္သြားႏိုင္တယ္လို႔ တြက္ဆေနၾကပါတယ္။

Honor V20 မွာ ကမၻာ့ ပထမဆံုး 7nm နည္းပညာ အသံုးျပဳျပီး တည္ေဆာက္ထားတဲ့ Kirin 980 ပရိုဆက္ဆာကို အသံုးျပဳထားပါတယ္။ RAM 6GB/8GB ဆိုျပီး RAM ပမာဏ ႏွစ္မ်ိဳးနဲ႔ ထုတ္ထားပါတယ္။ 4,000mAh ပမာဏ ရွိတဲ့ ဘက္ထရီ ထည့္သြင္းေပးထားလို႔ ႏွစ္ရက္ေလာက္ ေအးေဆးအသံုးျပဳႏိုင္မွာပါ။ Punch Hole ဒီဇိုင္းနဲ႔ Notch ေလးပါဝင္တဲ့ ေျခာက္လက္မခြဲ အရြယ္ရွိ 1080P LCD Display ကိုတပ္ဆင္ေပးထားပါတယ္။ အေနာက္ဘက္ အဓိက ကင္မရာကိုေတာ့ Mega Pixel ပမာဏ အေတာ္မ်ားတယ္လို႔ ဆိုႏုိင္တဲ့ Sony ရဲ႕ IMX586 ကို အသံုးျပဳေပးထားပါတယ္။

Honor V20 ကို Pre-Sale အေနနဲ႔ တရုတ္ျပည္မွာ ဒီဇင္ဘာ ၂၈ က စျပီး ဝယ္ယူႏိုင္မွာပါ။ ေစ်းႏွုန္းအေနနဲ႔ကေတာ့ RAM 6GB/ Internal 128GB ဗားရွင္းကို ျမန္မာေငြ ခုနစ္သိန္းနီးပါးရွိပါတယ္။

Ref: Giz China

Unicode

Honor V20 ကို မကြာသေးခင်ကမှ တရားဝင် မိတ်ဆက်ခဲ့ပြီး တရားဝင် မိတ်ဆက်ပွဲမတိုင်ခင် ကတည်းက Honor V20 ရဲ့ AnTuTu ရမှတ်တွေထွက်ပေါ်ခဲ့ပြီး ပေါက်ကြားထားတဲ့ AnTuTu ရမှတ်တွေနဲ့ ကွဲလွဲနေတာတွေ့ရပါတယ်။ တရားဝင်ထွက်ပေါ်လာမယ့် AnTuTu ရမှတ်ကတော့ 310,000 နဲ့အထက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါပြီ။ V20 ကို တရားဝင် မိတ်မဆက်ခင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Screenshot တစ်ခုမှာတော့ Honor V20 ဟာ AnTuTu ရမှတ် 310,202 ရရှိထားတာကိုတွေ့ရပါတယ်။ အခုလို AnTuTu ရမှတ်တွေ ကွဲပြားနေရတဲ့ အကြောင်းရင်းကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ အသုံးပြုထားတဲ့ ဆော့ဖ်ဝဲလ် ဗားရှင်းကွဲပြားနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ကွဲပြားပါစေ Honor V20 ရဲ့ AnTuTu ရမှတ်ဟာ ယေဘူယျ အနေနဲ့ သုံးသိန်းဝန်းကျင်မှာ ရှိနေပါတယ်။ တရားဝင် ရောင်းချတဲ့ အချိန်မှာ လုံးဝ Stable ဖြစ်တဲ့ ဆော့ဖ်ဝဲလ် အသုံးပြုထားတဲ့ Homor V20 တွေနဲ့ စမ်းသပ်နိုင်မှာဖြစ်ပြီး အဲ့အချိန်ကျရင်တော့ AnTuTu ရမှတ် သုံးသိန်း တစ်သောင်းနဲ့ အထက် အသာလေးကျော်သွားနိုင်တယ်လို့ တွက်ဆနေကြပါတယ်။

Honor V20 မှာ ကမ္ဘာ့ ပထမဆုံး 7nm နည်းပညာ အသုံးပြုပြီး တည်ဆောက်ထားတဲ့ Kirin 980 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 6GB/8GB ဆိုပြီး RAM ပမာဏ နှစ်မျိုးနဲ့ ထုတ်ထားပါတယ်။ 4,000mAh ပမာဏ ရှိတဲ့ ဘက်ထရီ ထည့်သွင်းပေးထားလို့ နှစ်ရက်လောက် အေးဆေးအသုံးပြုနိုင်မှာပါ။ Punch Hole ဒီဇိုင်းနဲ့ Notch လေးပါဝင်တဲ့ ခြောက်လက်မခွဲ အရွယ်ရှိ 1080P LCD Display ကိုတပ်ဆင်ပေးထားပါတယ်။ အနောက်ဘက် အဓိက ကင်မရာကိုတော့ Mega Pixel ပမာဏ အတော်များတယ်လို့ ဆိုနိုင်တဲ့ Sony ရဲ့ IMX586 ကို အသုံးပြုပေးထားပါတယ်။

Honor V20 ကို Pre-Sale အနေနဲ့ တရုတ်ပြည်မှာ ဒီဇင်ဘာ ၂၈ က စပြီး ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ RAM 6GB/ Internal 128GB ဗားရှင်းကို မြန်မာငွေ ခုနစ်သိန်းနီးပါးရှိပါတယ်။

Ref: Giz China