[Zawgyi]

Honor ကုမၸဏီဟာ အီတလီဖက္ရွင္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Moschino နဲ႔ပူးေပါင္းၿပီး Honor V20 ဖုန္းအတြက္ Special Edition ကို ထုတ္လုပ္လာပါတယ္။ Honor V20 ကိုေတာ့ အေနာက္ႏုိင္ငံေစ်းကြက္ေတြမွာ Honor View 20 အျဖစ္ သိၾကပါတယ္။ ဖုန္းအသစ္ေတြမွာ အထူးကာလာအသစ္ႏွစ္မ်ဳိးနဲ႔ Storage ပမာဏ ပိုပါဝင္လာမွာပါ။

Moschino Edition စမတ္ဖုန္းအသစ္မွာ 8GB RAM နဲ႔ 256GB Storage တုိ႔ပါဝင္လာၿပီး တရုတ္ယြမ္ ၄,၀၀၀ (ျမန္မာေငြ ကုိးသိန္းခန္႔) က်သင့္မွာပါ။ ပုံမွန္ေမာ္ဒယ္ကေတာ့ 128GB Storage သာပါဝင္ကာ RAM မန္မုိရီ 6GB သုိ႔မဟုတ္ 8GB ေရြးခ်ယ္ႏုိင္တယ္။ အျမင့္ဆုံး 8GB ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၃,၆၀၀ (ျမန္မာေငြ ရွစ္သိန္းေက်ာ္ေက်ာ္) က်သင့္ပါတယ္။

Honor V20 ရဲ႕ Limited Edition ေမာ္ဒယ္အသစ္ဟာ Phantom Blue နဲ႔ Phantom Red ကာလာသစ္မ်ားျဖင့္ ရရွိႏုိင္မွာျဖစ္တယ္။ အနီေရာင္ဗားရွင္းဟာ အျမန္ေရာင္းကုန္သြားခဲ့ေပမယ့္ ဇႏၷဝါရီ ၂၄ ရက္ေန႔မွာ ထပ္မံတင္ပုိ႔လာဦးမွာပါ။

ဒီဖုန္းဟာလက္ရွိမွာေတာ့ တရုတ္ျပည္တြင္းေစ်းကြက္မွာပဲ ရရွိႏုိင္ေသးၿပီး မန္မုိရီပုိင္းကလြဲရင္ အျခား Specs ေတြကေတာ့ ပုံမွန္ေမာ္ဒယ္ေတြနဲ႔ အတူတူပါပဲ။

Ref – GSM Arena

[Unicode]

Honor ကုမ္ပဏီဟာ အီတလီဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Moschino နဲ့ပူးပေါင်းပြီး Honor V20 ဖုန်းအတွက် Special Edition ကို ထုတ်လုပ်လာပါတယ်။ Honor V20 ကိုတော့ အနောက်နိုင်ငံဈေးကွက်တွေမှာ Honor View 20 အဖြစ် သိကြပါတယ်။ ဖုန်းအသစ်တွေမှာ အထူးကာလာအသစ်နှစ်မျိုးနဲ့ Storage ပမာဏ ပိုပါဝင်လာမှာပါ။

Moschino Edition စမတ်ဖုန်းအသစ်မှာ 8GB RAM နဲ့ 256GB Storage တို့ပါဝင်လာပြီး တရုတ်ယွမ် ၄,၀၀၀ (မြန်မာငွေ ကိုးသိန်းခန့်) ကျသင့်မှာပါ။ ပုံမှန်မော်ဒယ်ကတော့ 128GB Storage သာပါဝင်ကာ RAM မန်မိုရီ 6GB သို့မဟုတ် 8GB ရွေးချယ်နိုင်တယ်။ အမြင့်ဆုံး 8GB မော်ဒယ်က တရုတ်ယွမ်ငွေ ၃,၆၀၀ (မြန်မာငွေ ရှစ်သိန်းကျော်ကျော်) ကျသင့်ပါတယ်။

Honor V20 ရဲ့ Limited Edition မော်ဒယ်အသစ်ဟာ Phantom Blue နဲ့ Phantom Red ကာလာသစ်များဖြင့် ရရှိနိုင်မှာဖြစ်တယ်။ အနီရောင်ဗားရှင်းဟာ အမြန်ရောင်းကုန်သွားခဲ့ပေမယ့် ဇန္နဝါရီ ၂၄ ရက်နေ့မှာ ထပ်မံတင်ပို့လာဦးမှာပါ။

ဒီဖုန်းဟာလက်ရှိမှာတော့ တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ရရှိနိုင်သေးပြီး မန်မိုရီပိုင်းကလွဲရင် အခြား Specs တွေကတော့ ပုံမှန်မော်ဒယ်တွေနဲ့ အတူတူပါပဲ။

Ref – GSM Arena