[Zawgyi]

ဒီေန႔ (ဒီဇင္ဘာလ ၂၆ရက္ေန႔) က Honor V20 ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္မိတ္ဆက္သြားမယ့္ေန႔ ျဖစ္ပါတယ္။ တရားဝင္မိတ္ဆက္သြားမယ့္ေနဆိုေပမယ့္ တရားဝင္မိတ္မဆက္ခင္မွာပဲ Honor V20 ရဲ႕ Poster က အြန္လိုင္းေပၚမွာ ျပန္႔ႏွံ႔ေနပါတယ္။

Poster မွာ Honor V20 ရဲ႕ ဒီဇိုင္း၊ အဓိက Specification တခ်ိဴ႕နဲ႔ အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားတာကို ေတြ႕ရပါတယ္။ Processor အပိုင္းအတြက္ Kirin 980 SoC ကို အသုံးျပဳထားတယ္ဆိုတာ ေသခ်ာသြားပါၿပီ။ ဒါ့အျပင္ LTE နဲ႔ Wi-Fi Network ကို ေပါင္းစပ္ၿပီး Download Speeds ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ေပးႏိုင္မယ့္ Link Turbo နည္းပညာလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။

အေရာင္ကေတာ့ အနက္၊ အနီနဲ႔ အျပာ ဆိုၿပီး အေရာင္ ၃မ်ိဴးေတြ႕ရပါတယ္။ In-display Camera နဲ႔ ပြဲထြက္လာမယ္ဆိုတာ အားလုံး သိၿပီးသားျဖစ္မွာပါ။ Huawei Nova 4 လိုမ်ိဴး ေက်ာဘက္ ကင္မရာ ၃လုံး တပ္ဆင္ထားပါတယ္။ Nova 4 နဲ႔ မတူတဲ့အခ်က္ကေတာ့ Nova 4 က ကင္မရာ ၃လုံးကို ေဒါင္လိုက္တပ္ဆင္ထားတာျဖစ္ၿပီး V20 က အလ်ားလိုက္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ V20 မွာ တပ္ဆင္ထားတဲ့ ကင္မရာ ၁လုံးက Oppo R17 Pro မွာ သုံးခဲ့ဖူးတဲ့ ToF (Time of Flight) ကင္မရာ အမ်ိဴးအစား ျဖစ္တယ္လို႔ သိရပါတယ္။ 48MP Sony IMX586 Camera Sensor ၁လုံးပါဝင္လာႏိုင္ၿပီး 960fps (Frame per Second) Slow-motion Video ေတြ ႐ိုက္ကူးႏိုင္ဖြယ္ ရွိပါတယ္။

ပိုမိုတိက် မွန္ကန္တဲ့ GPS စနစ္အတြက္ AI Dual-frequency GPS နည္းပညာ ပါဝင္လာႏိုင္ပါတယ္။ ဘက္ထရီ 4000mAh ထည့္သြင္းထားႏိုင္ၿပီး 22.5W အျမန္အားသြင္းစနစ္ ပါဝင္တယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ RAM 6GB+Storage 64GB ေမာ္ဒယ္အတြက္ တ႐ုတ္ေငြ ၂၇၉၉ ယြမ္ (ျမန္မာေငြ ၆၃၀,၀၀၀ ဝန္းက်င္)၊ RAM 6GB+Storage 128GB ေမာ္ဒယ္အတြက္ ၃၂၉၉ ယြမ္ (ျမန္မာေငြ ၇၄၀,၀၀၀ ဝန္းက်င္) က်သင့္ႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

တရားဝင် မိတ်မဆက်ခင် ပေါ်ထွက်လာတဲ့ Honor V20 Poster

ဒီနေ့ (ဒီဇင်ဘာလ ၂၆ရက်နေ့) က Honor V20 ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမယ့်နေ့ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်သွားမယ့်နေဆိုပေမယ့် တရားဝင်မိတ်မဆက်ခင်မှာပဲ Honor V20 ရဲ့ Poster က အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ်။

Poster မှာ Honor V20 ရဲ့ ဒီဇိုင်း၊ အဓိက Specification တချိူ့နဲ့ အရောင် ၃မျိူး ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ Processor အပိုင်းအတွက် Kirin 980 SoC ကို အသုံးပြုထားတယ်ဆိုတာ သေချာသွားပါပြီ။ ဒါ့အပြင် LTE နဲ့ Wi-Fi Network ကို ပေါင်းစပ်ပြီး Download Speeds ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်မယ့် Link Turbo နည်းပညာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

အရောင်ကတော့ အနက်၊ အနီနဲ့ အပြာ ဆိုပြီး အရောင် ၃မျိူးတွေ့ရပါတယ်။ In-display Camera နဲ့ ပွဲထွက်လာမယ်ဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ Huawei Nova 4 လိုမျိူး ကျောဘက် ကင်မရာ ၃လုံး တပ်ဆင်ထားပါတယ်။ Nova 4 နဲ့ မတူတဲ့အချက်ကတော့ Nova 4 က ကင်မရာ ၃လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာဖြစ်ပြီး V20 က အလျားလိုက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် V20 မှာ တပ်ဆင်ထားတဲ့ ကင်မရာ ၁လုံးက Oppo R17 Pro မှာ သုံးခဲ့ဖူးတဲ့ ToF (Time of Flight) ကင်မရာ အမျိူးအစား ဖြစ်တယ်လို့ သိရပါတယ်။ 48MP Sony IMX586 Camera Sensor ၁လုံးပါဝင်လာနိုင်ပြီး 960fps (Frame per Second) Slow-motion Video တွေ ရိုက်ကူးနိုင်ဖွယ် ရှိပါတယ်။

ပိုမိုတိကျ မှန်ကန်တဲ့ GPS စနစ်အတွက် AI Dual-frequency GPS နည်းပညာ ပါဝင်လာနိုင်ပါတယ်။ ဘက်ထရီ 4000mAh ထည့်သွင်းထားနိုင်ပြီး 22.5W အမြန်အားသွင်းစနစ် ပါဝင်တယ်လို့ သိရပါတယ်။ စျေးနှုန်းတွေအနေနဲ့ RAM 6GB+Storage 64GB မော်ဒယ်အတွက် တရုတ်ငွေ ၂၇၉၉ ယွမ် (မြန်မာငွေ ၆၃၀,၀၀၀ ဝန်းကျင်)၊ RAM 6GB+Storage 128GB မော်ဒယ်အတွက် ၃၂၉၉ ယွမ် (မြန်မာငွေ ၇၄၀,၀၀၀ ဝန်းကျင်) ကျသင့်နိုင်ပါတယ်။

Ref : gizmochina