Zawgyi

Honor V30 နဲ႔ V30 Pro စမတ္ဖုန္းေတြဟာ လာမယ့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ဆိုရင္ တရားဝင္မိတ္ဆက္လာေတာ့မွာပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳး မိတ္ဆက္ဖို႔ နီးကပ္လာတဲ့အခ်ိန္မွာ Honor ကေန ဒီ V30 ဖုန္းေတြမွာပါမယ့္ အဓိက Feature တစ္ခုကို တရားဝင္ေၾကညာလိုက္ပါၿပီ။

ဒါကေတာ့ Honor V30 Series စမတ္ဖုန္းေတြမွာ Processor အေနနဲ႔ Kirin 990 Chipset ပါဝင္မယ္ဆိုတာကို အတည္ျပဳလိုက္တာျဖစ္ပါတယ္။ အခုသတင္းကို Honor ကေန Weibo Account မွာ Short Video တစ္ခုနဲ႔အတူ ထုတ္ေဖာ္ျပသခဲ့တာပါ။ ဒ့ါအျပင္ Honor V30 Series စမတ္ဖုန္းေတြဟာ 5G Support ျပဳလုပ္မယ္ဆိုတာကိုပါ အတည္ျပဳသြားခဲ့ပါတယ္။

ေနာက္ထပ္လည္း Honor V30 ဖုန္းရဲ႕ ေစ်းႏႈန္းပါ ေပါက္ၾကားလာခဲ့ၿပီးေတာ့ တ႐ုတ္ယြမ္ေငြ ၄,၉၉၉ ခန္႔ က်သင့္မယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ ျမန္မာေငြ ၁၁ သိန္းဝန္းက်င္ေလာက္က်သင့္မွာျဖစ္ၿပီး ယခင္ Honor Flagship ဖုန္းေတြနဲ႔ ယွဥ္ရင္ ပိုၿပီး ေစ်းမ်ားေနတာလည္းျဖစ္ပါတယ္။

Honor V30 စမတ္ဖုန္းဟာ Kirin 990 Processor အျပင္ RAM 8GB ၊ 256GB Storage ၊ Dual Selfie Camera အတြက္ Hole-punch Full HD+ Display နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အေသးစိတ္အခ်က္ေတြကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ သိရမွာပါ။

Ref – GSM Arena

Unicode

Honor V30 နဲ့ V30 Pro စမတ်ဖုန်းတွေဟာ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ဆိုရင် တရားဝင်မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်ဖို့ နီးကပ်လာတဲ့အချိန်မှာ Honor ကနေ ဒီ V30 ဖုန်းတွေမှာပါမယ့် အဓိက Feature တစ်ခုကို တရားဝင်ကြေညာလိုက်ပါပြီ။

ဒါကတော့ Honor V30 Series စမတ်ဖုန်းတွေမှာ Processor အနေနဲ့ Kirin 990 Chipset ပါဝင်မယ်ဆိုတာကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ အခုသတင်းကို Honor ကနေ Weibo Account မှာ Short Video တစ်ခုနဲ့အတူ ထုတ်ဖော်ပြသခဲ့တာပါ။ ဒ့ါအပြင် Honor V30 Series စမတ်ဖုန်းတွေဟာ 5G Support ပြုလုပ်မယ်ဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။

နောက်ထပ်လည်း Honor V30 ဖုန်းရဲ့ စျေးနှုန်းပါ ပေါက်ကြားလာခဲ့ပြီးတော့ တရုတ်ယွမ်ငွေ ၄,၉၉၉ ခန့် ကျသင့်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် မြန်မာငွေ ၁၁ သိန်းဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီး ယခင် Honor Flagship ဖုန်းတွေနဲ့ ယှဥ်ရင် ပိုပြီး စျေးများနေတာလည်းဖြစ်ပါတယ်။

Honor V30 စမတ်ဖုန်းဟာ Kirin 990 Processor အပြင် RAM 8GB ၊ 256GB Storage ၊ Dual Selfie Camera အတွက် Hole-punch Full HD+ Display နဲ့ထွက်ရှိလာမှာဖြစ်ပြီး အသေးစိတ်အချက်တွေကိုတော့ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သိရမှာပါ။

Ref – GSM Arena