Unicode

Honor ရဲ့နောက်ဆုံးပေါ် 5G စမတ်ဖုန်းလိုင်းအပ်ဖြစ်တဲ့ Honor V30 နဲ့ V30 Pro တို့ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ဈေးကွက်အတွင်း Flash Sale ရောင်းချခဲ့ရာမှာ အချိန်သုံးစက္ကန့်သာ ကြာမြင့်ခဲ့ပါတယ်။

စုစုပေါင်း V30 နဲ့ V30 Pro အလုံးရေတစ်သိန်းရောင်းချခဲ့ပေမယ့် အခုလိုစက္ကန့်ပိုင်းအတွင်း ရောင်းကုန်သွားတာဟာ တရုတ်ပြည်ရဲ့ 5G နက်ဝပ်အပေါ် အားပေးမှုမြင့်တက်နေတာကို သိသာစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီဖုန်းတွေကို နိုင်ငံတကာဈေးကွက်သို့ မတင်ပို့ရသေးဘဲ Google ဝန်ဆောင်မှုတွေ တစ်ပါတည်း ပါဝင်လာမှာမဟုတ်တဲ့အတွက် စိန်ခေါ်မှု တွေကို ကြုံတွေ့ရဦးမှာပါ။

Honor V30 Pro ဟာ V30 နဲ့ ဒီဇိုင်းပိုင်းအတူတူပဲဖြစ်ပြီး မန်မိုရီအပါအဝင် Specs အနည်းငယ်သာ ကွဲပြားပါတယ်။ V30 ရိုးရိုးမှာ Storage 128GB ဗားရှင်းသာရှိပြီး RAM က 6GB / 8GB နှစ်မျိုးရွေးချယ်နိုင်မှာပါ။ V30 Pro မှာတော့ 8GB RAM ကို 128GB / 256GB Storage ဗားရှင်းနှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ V30 Pro ဟန်းဆက်မှာ 4,100 mAh ဘက္ထရီပါဝင်ပြီး 40W အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်ကာ V30 မှာတော့ အနည်းငယ်ပိုကြီးတဲ့ 4,200 mAh ဘက္ထရီဖြစ်ပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါလာပါဘူး။

နှစ်မျိုးစလုံးမှာ 6.57” လက်မ LCD Display ကိုပဲ အသုံးပြုထားပြီး Full HD+ Resolution နဲ့ပါ။ အတွင်းမှာ Kirin 990 ချစ်ပ်ဆက်ကို အသုံးပြုထားတာကြောင့် Balong 5000 Modem တစ်ပါတည်း ပါဝင်ပြီး 5G ထောက်ပံ့ပေးနိုင်ပါတယ်။ Fingerprint ကို Power Button ပေါ်မှာပဲ ထားရှိပါတယ်။

Honor V30 ဖုန်းကို 6/128GB အခြေခံဗားရှင်းအတွက် ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခန့်) သတ်မှတ်ထားကာ V30 Pro ရဲ့ 8/128GB မော်ဒယ်က ၃၈၉၉ ယွမ် (မြန်မာငွေရှစ်သိန်းသုံးသောင်းခန့်) ကျသင့်ပါတယ်။ ဒီဖုန်းကို Blue, Pearl White နဲ့ Black ကာလာသုံးမျိုးနဲ့ ရောင်းချလာပါတယ်။

Ref – Gizmo China

Zawgyi

Honor ရဲ႕ေနာက္ဆုံးေပၚ 5G စမတ္ဖုန္းလုိင္းအပ္ျဖစ္တဲ့ Honor V30 နဲ႔ V30 Pro တုိ႔ဟာ ပထမဆုံးအႀကိမ္အျဖစ္ တရုတ္ေစ်းကြက္အတြင္း Flash Sale ေရာင္းခ်ခဲ့ရာမွာ အခ်ိန္သုံးစကၠန္႔သာ ၾကာျမင့္ခဲ့ပါတယ္။

စုစုေပါင္း V30 နဲ႔ V30 Pro အလုံးေရတစ္သိန္းေရာင္းခ်ခဲ့ေပမယ့္ အခုလိုစကၠန္႔ပိုင္းအတြင္း ေရာင္းကုန္သြားတာဟာ တရုတ္ျပည္ရဲ႕ 5G နက္ဝပ္အေပၚ အားေပးမႈျမင့္တက္ေနတာကို သိသာေစခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဒီဖုန္းေတြကို ႏုိင္ငံတကာေစ်းကြက္သို႔ မတင္ပုိ႔ရေသးဘဲ Google ဝန္ေဆာင္မႈေတြ တစ္ပါတည္း ပါဝင္လာမွာမဟုတ္တဲ့အတြက္ စိန္ေခၚမႈ ေတြကို ၾကဳံေတြ႕ရဦးမွာပါ။

Honor V30 Pro ဟာ V30 နဲ႔ ဒီဇုိင္းပုိင္းအတူတူပဲျဖစ္ၿပီး မန္မုိရီအပါအဝင္ Specs အနည္းငယ္သာ ကြဲျပားပါတယ္။ V30 ရုိးရုိးမွာ Storage 128GB ဗားရွင္းသာရွိၿပီး RAM က 6GB / 8GB ႏွစ္မ်ဳိးေရြးခ်ယ္ႏုိင္မွာပါ။ V30 Pro မွာေတာ့ 8GB RAM ကို 128GB / 256GB Storage ဗားရွင္းႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္ပါတယ္။ V30 Pro ဟန္းဆက္မွာ 4,100 mAh ဘကၳရီပါဝင္ၿပီး 40W အားသြင္းစနစ္နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္တုိ႔ ပါဝင္ကာ V30 မွာေတာ့ အနည္းငယ္ပိုႀကီးတဲ့ 4,200 mAh ဘကၳရီျဖစ္ေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါလာပါဘူး။

ႏွစ္မ်ဳိးစလုံးမွာ 6.57” လက္မ LCD Display ကိုပဲ အသုံးျပဳထားၿပီး Full HD+ Resolution နဲ႔ပါ။ အတြင္းမွာ Kirin 990 ခ်စ္ပ္ဆက္ကို အသုံးျပဳထားတာေၾကာင့္ Balong 5000 Modem တစ္ပါတည္း ပါဝင္ၿပီး 5G ေထာက္ပံ့ေပးႏုိင္ပါတယ္။ Fingerprint ကို Power Button ေပၚမွာပဲ ထားရွိပါတယ္။

Honor V30 ဖုန္းကို 6/128GB အေျခခံဗားရွင္းအတြက္ ၃၂၉၉ ယြမ္ (ျမန္မာေငြ ၇ သိန္းခန္႔) သတ္မွတ္ထားကာ V30 Pro ရဲ႕ 8/128GB ေမာ္ဒယ္က ၃၈၉၉ ယြမ္ (ျမန္မာေငြရွစ္သိန္းသုံးေသာင္းခန္႔) က်သင့္ပါတယ္။ ဒီဖုန္းကို Blue, Pearl White နဲ႔ Black ကာလာသုံးမ်ဳိးနဲ႔ ေရာင္းခ်လာပါတယ္။

Ref – Gizmo China