[Unicode]

Honor က 5G စမတ်ဖုန်းတွေ ဖြစ်တဲ့ V30 နဲ့ V30 Pro ကို ပြီးခဲ့တဲ့ ၁ လလောက်က ကြေညာခဲ့ပါတယ်။ Honor V30 အတွက် Gradient White, Black နဲ့ Blue အရောင်တွေ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ တရုတ်မှာ Dawn Orange လို့ နာမည်ပေးထားတဲ့ အရောင်အသစ်ကို ကြေညာလိုက်ပါတယ်။ အရောင်အသစ်အတွက် 6/128GB နဲ့ 8/128GB မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပြီး ၃,၂၉၉ နဲ့ ၃,၆၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်းနဲ့ ၈ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Honor V30 မှာ ၆.၅၇ လက်မ 1080×2400 LCD မျက်နှာပြင် ထည့်သွင်းထားပြီး ဘယ်ဘက်အထက်က Punch Hole မှာ အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Kirin 990 Processor မောင်းနှင်ထားပြီး Balong 5000 5G Modem ပါပါတယ်။

အနောက်ဘက်မှာ 40MP+8MP Telephoto+8MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာ ၂ လုံးက 32MP+8MP Ultrawide တွေ ဖြစ်ပါတယ်။ အနောက်ဘက်က Telephoto ကင်မရာဟာ 3x Optical Zoom နဲ့ Optical Image Stabilization ကို ထောက်ပံ့ပါတယ်။

Honor V30 မှာ 40W Fast Charging နည်းပညာ ပါတဲ့ 4200mAh ဘက်ထရီ ထည့်သွင်းထားပြီး အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ NFC ပါပါတယ်။ Android 10 အခြေပြု Magic UI 3.0 မောင်းနှင်ထားပါတယ်။

Ref : gizmochina

[Zawgyi]

Honor V30 အတြက္ Dawn Orange အေရာင္အသစ္ကို ေရာင္းၿပီ

Honor က 5G စမတ္ဖုန္းေတြ ျဖစ္တဲ့ V30 နဲ႔ V30 Pro ကို ၿပီးခဲ့တဲ့ ၁ လေလာက္က ေၾကညာခဲ့ပါတယ္။ Honor V30 အတြက္ Gradient White, Black နဲ႔ Blue အေရာင္ေတြ ထုတ္လုပ္ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ တရုတ္မွာ Dawn Orange လို႔ နာမည္ေပးထားတဲ့ အေရာင္အသစ္ကို ေၾကညာလိုက္ပါတယ္။ အေရာင္အသစ္အတြက္ 6/128GB နဲ႔ 8/128GB ေမာ္ဒယ္ ၂ ခု ထုတ္လုပ္ေပးထားၿပီး ၃,၂၉၉ နဲ႔ ၃,၆၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၇ သိန္းနဲ႔ ၈ သိန္းေလာက္ က်သင့္ႏုိင္ပါတယ္။

Honor V30 မွာ ၆.၅၇ လက္မ 1080×2400 LCD မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ဘယ္ဘက္အထက္က Punch Hole မွာ အေရွ႕ ကင္မရာ ၂ လံုး တပ္ဆင္ထားပါတယ္။ Kirin 990 Processor ေမာင္းနွင္ထားၿပီး Balong 5000 5G Modem ပါပါတယ္။

အေနာက္ဘက္မွာ 40MP+8MP Telephoto+8MP Ultrawide ကင္မရာ ၃ လံုး တပ္ဆင္ထားပါတယ္။ အေရွ႕ ကင္မရာ ၂ လံုးက 32MP+8MP Ultrawide ေတြ ျဖစ္ပါတယ္။ အေနာက္ဘက္က Telephoto ကင္မရာဟာ 3x Optical Zoom နဲ႔ Optical Image Stabilization ကို ေထာက္ပံ့ပါတယ္။

Honor V30 မွာ 40W Fast Charging နည္းပညာ ပါတဲ့ 4200mAh ဘက္ထရီ ထည့္သြင္းထားၿပီး အားသြင္းႏႈန္းက ဖလန္းဖလန္းထေနမွာပါ။ ေဘးဘက္ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ NFC ပါပါတယ္။ Android 10 အေျချပဳ Magic UI 3.0 ေမာင္းႏွင္ထားပါတယ္။

Ref : gizmochina