[Zawgyi]

ဒီႏွစ္ကုန္ပိုင္းမွာ စြမ္းရည္ျမင့္ ဖုန္း ေၾကညာမယ့္ ေနာက္ဆံုး ကုမၸဏီက Honor ျဖစ္ပါတယ္။ ကုမၸဏီက V Series ေတြကို ဒီဇင္ဘာလမွာ ေၾကညာေလ့ရွိပါတယ္။ ဒီႏွစ္မွာေတာ့ V30 ကို နည္းနည္းေစာၿပီး ဒီလ ၂၆ ရက္မွာ မိတ္ဆက္ပြဲ ျပဳလုပ္မယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ Honor V20 ဟာ Punch-hole Display ပါတဲ့ ပထမဆံုး ဖုန္း ျဖစ္ခဲ့ၿပီး V30 မွာလည္း အဲဒီ ဒီဇိုင္းကို သံုးထားမွာပါ။ ဒါေပမယ့္ အေရွ႕ ကင္မရာ ၂ လံုးအတြက္ Cutout ဟာ ေဆးေတာင့္ပံုသ႑ာန္ ေျပာင္းလဲထားမွာပါ။ ကုမၸဏီက တရား၀င္ မွ်ေ၀လိုက္တဲ့ ပိုစတာေတြမွာ ဖုန္းရဲ႕ ေဘးဘက္ Display နားမွာ လက္ေဗြရာေတြ႕ရတဲ့အတြက္  Flat LCD ကို သံုးထားႏုိင္ပါတယ္။

V30 ကို တရုတ္မွာ View 30 နာမည္နဲ႔ ေရာင္းခ်မွာ ျဖစ္ၿပီး View 30 မိတ္ဆက္ပြဲကို လာမယ့္ႏွစ္ အေစာပိုင္းမွာ သီးျခား ျပဳလုပ္မယ္လို႔ ထင္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဖုန္းဘူးခြံအရ Vera 30 လို႔ နာမည္ေပးထားႏိုင္ၿပီး View ကို Honor က မသံုးေတာ့ဘူးလို႔ ထင္ပါတယ္။ Honor က Vera နာမည္ကို သံုးမယ္ဆိုရင္ သူ႔ရဲ႕ Brand နဲ႔ User ေတြကို သစၥာရွိတာကို ျပသရာေရာက္ပါတယ္။ Vera ဟာ လက္တင္ ဘာသာစကားကေန ဆင္းသက္လာၿပီး စစ္မွန္တယ္လို႔ အဓိပၸါယ္ရပါတယ္။

Huawei ဟာ Honor Sub-brand ကေန 5G စမတ္ဖုန္း ၃ လံုးကို မၾကာခင္ ထုတ္လုပ္ေရာင္းခ်မယ္လို႔ မၾကာခင္က သတင္းထြက္လာပါတယ္။ အဲဒီ စမတ္ဖုန္းေတြက Honor V30 5G , Honor V30 Pro 5G နဲ႔ Honor Magic 3 5G တို႔ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းေတြထဲက တခ်ိဳ႕အတြက္ 4G Model ေတြကိုပါ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒီသတင္းဟာ Huawei ကုမၸဏီအတြင္းပိုင္းက ထြက္လာတာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

5G ပါတဲ့ Honor V30 ကို ဒီလ ၂၆ ရက်မှာ ကြေညာမည်

ဒီနှစ်ကုန်ပိုင်းမှာ စွမ်းရည်မြင့် ဖုန်း ကြေညာမယ့် နောက်ဆုံး ကုမ္ပဏီက Honor ဖြစ်ပါတယ်။ ကုမ္ပဏီက V Series တွေကို ဒီဇင်ဘာလမှာ ကြေညာလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ V30 ကို နည်းနည်းစောပြီး ဒီလ ၂၆ ရက်မှာ မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ Honor V20 ဟာ Punch-hole Display ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ခဲ့ပြီး V30 မှာလည်း အဲဒီ ဒီဇိုင်းကို သုံးထားမှာပါ။ ဒါပေမယ့် အရှေ့ ကင်မရာ ၂ လုံးအတွက် Cutout ဟာ ဆေးတောင့်ပုံသဏ္ဍာန် ပြောင်းလဲထားမှာပါ။ ကုမ္ပဏီက တရားဝင် မျှဝေလိုက်တဲ့ ပိုစတာတွေမှာ ဖုန်းရဲ့ ဘေးဘက် Display နားမှာ လက်ဗွေရာတွေ့ရတဲ့အတွက် Flat LCD ကို သုံးထားနိုင်ပါတယ်။

V30 ကို တရုတ်မှာ View 30 နာမည်နဲ့ ရောင်းချမှာ ဖြစ်ပြီး View 30 မိတ်ဆက်ပွဲကို လာမယ့်နှစ် အစောပိုင်းမှာ သီးခြား ပြုလုပ်မယ်လို့ ထင်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဖုန်းဘူးခွံအရ Vera 30 လို့ နာမည်ပေးထားနိုင်ပြီး View ကို Honor က မသုံးတော့ဘူးလို့ ထင်ပါတယ်။ Honor က Vera နာမည်ကို သုံးမယ်ဆိုရင် သူ့ရဲ့ Brand နဲ့ User တွေကို သစ္စာရှိတာကို ပြသရာရောက်ပါတယ်။ Vera ဟာ လက်တင် ဘာသာစကားကနေ ဆင်းသက်လာပြီး စစ်မှန်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

Huawei ဟာ Honor Sub-brand ကနေ 5G စမတ်ဖုန်း ၃ လုံးကို မကြာခင် ထုတ်လုပ်ရောင်းချမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Honor V30 5G , Honor V30 Pro 5G နဲ့ Honor Magic 3 5G တို့ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေထဲက တချို့အတွက် 4G Model တွေကိုပါ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ Huawei ကုမ္ပဏီအတွင်းပိုင်းက ထွက်လာတာ ဖြစ်ပါတယ်။

Ref : gsmarena