[Zawgyi]

Honor V30 Pro ဟာ ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္မယ္လို႔ ေၾကညာထားတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ ဝယ္ယူဖို႔အတြက္ VMall, TMall နဲ႔ Jingdong Mall စတာေတြမွာ ႏိုဝင္ဘာ တတိယပတ္စကတည္းက ႀကိဳတင္စာရင္းေပးသြင္းႏိုင္ၿပီလို႔ သိရပါတယ္။


တရားဝင္မိတ္ဆက္ဖို႔ ရက္ပိုင္းပဲလိုေတာ့တဲ့အခ်ိန္ AnTuTu မွာ Honor V30 Pro ရဲ႕ Benchmark ရမွတ္ ေပၚထြက္လာပါတယ္။ ေမာ္ဒယ္နံပါတ္ OXF-AN10 နဲ႔ Honor V30 Pro ဟာ Kirin 990 5G chipset ကိုအသုံးျပဳထားၿပီး မန္မိုရီက 8GB ျဖစ္သလို၊ သိုေလွာင္မႈပမာဏက 256GB ျဖစ္ေၾကာင္း ေတြ႕ျမင္ရပါတယ္။

AnTuTu listing အရ V30 Pro ဟာ Android 10 ေမာင္းႏွင္ထားၿပီး မ်က္ႏွာျပင္ဟာ 2400 x 1080 pixel resolution နဲ႔ ျဖစ္တာကိုလည္း ေတြ႕ျမင္ရပါတယ္။ Benchmark ရမွတ္ကေတာ့ 476480 ျဖစ္ၿပီး ႏႈိင္းယွဥ္မႈေတြအရ Huawie Mate 30 Pro ရဲ႕ AnTuTu ရမွတ္ေတြနဲ႔ သိပ္ၿပီးကြာဟလြန္းမေနတာကိုလည္း ေတြ႕ရပါတယ္။


အေသးစိတ္အခ်က္အလက္မွာေတာ့ V30 Pro ဟာ GPU ပိုင္းမွာ အနည္းငယ္သာလြန္တာကလြဲရင္ က်န္တဲ့ CPU, UX, MEM ပိုင္းေတြမွာ Mate 30 Pro ထက္ အနည္းငယ္ ေလ်ာ့နည္းေနတာကိုေတြ႕ျမင္ရပါတယ္။ ကနဦးေကာလာဟလေတြအရဆိုရင္ေတာ့ V30 Pro ဟာ OLED မ်က္ႏွာျပင္၊ Pill-shaped punch hole နဲ႔ ထြက္လာမယ္လို႔ ဆိုႏိုင္ပါတယ္။

အျခားအခ်က္အလက္ေတြအျဖစ္ 4,200mAh ဘက္ထရီတပ္ဆင္ေပးထားမွာျဖစ္ၿပီး 40W SuperCharge လည္း ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။ Honor V30 Pro ကို တရားဝင္မိတ္ဆက္ဖို႔ ရက္ပိုင္းပဲလိုေတာ့တာေၾကာင့္ စိတ္ရွည္ရွည္ထား ေစာင့္ၾကည့္ဖို႔ပဲ လိုပါေတာ့တယ္။

Ref: GSM Arena

[Unicode]

Huawei Mate 30 Pro နဲ့ AnTuTu Benchmark ရမှတ်သိပ်မကွာတဲ့ Honor V30 Pro

Honor V30 Pro ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တရားဝင် မိတ်ဆက်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဝယ်ယူဖို့အတွက် Vmall, TMall နဲ့ Jingdong Mall စတာတွေမှာ နိုဝင်ဘာ တတိယပတ်စကတည်းက ကြိုတင်စာရင်းပေးသွင်းနိုင်ပြီလို့ သိရပါတယ်။


တရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန် AnTuTu မှာ Honor V30 Pro ရဲ့ Benchmark ရမှတ် ပေါ်ထွက်လာပါတယ်။ မော်ဒယ်နံပါတ် OXF-AN10 နဲ့ Honor V30 Pro ဟာ Kirin 990 5G chipset ကိုအသုံးပြုထားပြီး မန်မိုရီက 8GB ဖြစ်သလို၊ သိုလှောင်မှုပမာဏက 256GB ဖြစ်ကြောင်း တွေ့မြင်ရပါတယ်။

AnTuTu listing အရ V30 Pro ဟာ Android 10 မောင်းနှင်ထားပြီး မျက်နှာပြင်ဟာ 2400 x 1080 pixel resolution နဲ့ ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။ Benchmark ရမှတ်ကတော့ 476480 ဖြစ်ပြီး နှိုင်းယှဉ်မှုတွေအရ Huawie Mate 30 Pro ရဲ့ AnTuTu ရမှတ်တွေနဲ့ သိပ်ပြီးကွာဟလွန်းမနေတာကိုလည်း တွေ့ရပါတယ်။


အသေးစိတ်အချက်အလက်မှာတော့ V30 Pro ဟာ GPU ပိုင်းမှာ အနည်းငယ်သာလွန်တာကလွဲရင် ကျန်တဲ့ CPU, UX, MEM ပိုင်းတွေမှာ Mate 30 Pro ထက် အနည်းငယ် လျော့နည်းနေတာကိုတွေ့မြင်ရပါတယ်။ ကနဦးကောလာဟလတွေအရဆိုရင်တော့ V30 Pro ဟာ OLED မျက်နှာပြင်၊ Pill-shaped punch hole နဲ့ ထွက်လာမယ်လို့ ဆိုနိုင်ပါတယ်။

အခြားအချက်အလက်တွေအဖြစ် 4,200mAh ဘက်ထရီတပ်ဆင်ပေးထားမှာဖြစ်ပြီး 40W SuperCharge လည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ Honor V30 Pro ကို တရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းပဲလိုတော့တာကြောင့် စိတ်ရှည်ရှည်ထား စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။

Ref: GSM Arena