[Zawgyi]

Honor က တရုတ္မွာ V30 Series စြမ္းရည္ျမင့္ စမတ္ဖုန္း အသစ္ေတြကို ဒီလ ၂၆ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ Honor V30 Pro ကို ၀ယ္ဖို႔ တရုတ္မွာ စာရင္းေပးသြင္းႏိုင္ၿပီ ျဖစ္ပါတယ္။ Huawei ရဲ႕ တရား၀င္ Vmall Online Store အျပင္ Jingdong Mall နဲ႔ Tmall တို႔ကေန အမွာစာေတြ လက္ခံေနပါတယ္။

Honor V30 Series ေတြရဲ႕ သတင္းအခ်က္အလက္ေတြ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က ထြက္ေပၚခဲ့ေပမယ့္ အရမ္း တိက်ေသခ်ာတာေတာ့ မဟုတ္ပါဘူး။ Honor V30 နဲ႔ V30 Pro ၂ လံုးထြက္လာႏိုင္ၿပီး တရုတ္မွာ Honor V30 Aston Martin Edition ကိုပါ ေရာင္းခ်ႏိုင္ပါတယ္။ ဥေရာပမွာ Honor Vera 30 နာမည္နဲ႔ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Honor V30 ဟာ 4G ေမာ္ဒယ္ ျဖစ္ၿပီး Kirin 990 Chipset ေမာင္းႏွင္ထားမွာပါ။ Honor V30 Pro က ကုမၸဏီရဲ႕ ပထမဆံုး 5G ဖုန္း ျဖစ္ၿပီး Kirin 990 5G Chipset ထည့္သြင္းထားႏုိင္ပါတယ္။ 5G ေမာ္ဒယ္ဟာ Standalone (SA) နဲ႔ Non-standalone (NSA) 5G Modes ၂ မ်ိဳးစလံုးကို ေထာက္ပံ့ပါတယ္။ Honor V30 မွာ 40W Fast Charging ပါတဲ့ 4,000mAh Battery ပါလာႏုိင္ပါတယ္။ Pro ေမာ္ဒယ္မွာ 40W Rapid Charging ပါတဲ့ 4,200mAh Battery ထည့္သြင္းထားႏုိင္ၿပီး ႀကိဳးမဲ့ အားသြင္း နည္းပညာ ပါလာႏုိင္ပါတယ္။

Pro မွာ အေရွ႕ ကင္မရာ ၂ လံုးကို ေဆးေတာင့္ ပံုသ႑ာန္ Punch-hole မွာ တပ္ဆင္ထားႏုိင္ပါတယ္။ V30 မွာလည္း Punch-hole Display ပါလာႏုိင္ၿပီး ဖုန္း ၂ လံုးစလံုးရဲ႕ ေဘးဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားႏုိင္ပါတယ္။ V30 Series ေတြနဲ႔အတူ Honor Tab 6 ကိုပါ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina

[Unicode]

Honor V30 Pro ကို ဝယ်ဖို့ တရုတ်မှာ စာရင်းပေးသွင်းနိုင်ပြီ

Honor က တရုတ်မှာ V30 Series စွမ်းရည်မြင့် စမတ်ဖုန်း အသစ်တွေကို ဒီလ ၂၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Honor V30 Pro ကို ဝယ်ဖို့ တရုတ်မှာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။ Huawei ရဲ့ တရားဝင် Vmall Online Store အပြင် Jingdong Mall နဲ့ Tmall တို့ကနေ အမှာစာတွေ လက်ခံနေပါတယ်။

Honor V30 Series တွေရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ထွက်ပေါ်ခဲ့ပေမယ့် အရမ်း တိကျသေချာတာတော့ မဟုတ်ပါဘူး။ Honor V30 နဲ့ V30 Pro ၂ လုံးထွက်လာနိုင်ပြီး တရုတ်မှာ Honor V30 Aston Martin Edition ကိုပါ ရောင်းချနိုင်ပါတယ်။ ဥရောပမှာ Honor Vera 30 နာမည်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Honor V30 ဟာ 4G မော်ဒယ် ဖြစ်ပြီး Kirin 990 Chipset မောင်းနှင်ထားမှာပါ။ Honor V30 Pro က ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်ပြီး Kirin 990 5G Chipset ထည့်သွင်းထားနိုင်ပါတယ်။ 5G မော်ဒယ်ဟာ Standalone (SA) နဲ့ Non-standalone (NSA) 5G Modes ၂ မျိုးစလုံးကို ထောက်ပံ့ပါတယ်။ Honor V30 မှာ 40W Fast Charging ပါတဲ့ 4,000mAh Battery ပါလာနိုင်ပါတယ်။ Pro မော်ဒယ်မှာ 40W Rapid Charging ပါတဲ့ 4,200mAh Battery ထည့်သွင်းထားနိုင်ပြီး ကြိုးမဲ့ အားသွင်း နည်းပညာ ပါလာနိုင်ပါတယ်။

Pro မှာ အရှေ့ ကင်မရာ ၂ လုံးကို ဆေးတောင့် ပုံသဏ္ဍာန် Punch-hole မှာ တပ်ဆင်ထားနိုင်ပါတယ်။ V30 မှာလည်း Punch-hole Display ပါလာနိုင်ပြီး ဖုန်း ၂ လုံးစလုံးရဲ့ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ V30 Series တွေနဲ့အတူ Honor Tab 6 ကိုပါ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina