[Zawgyi]

Honor V30 ဟာ Mate 30 ကိုေတာင္ စိန္ေခၚႏုိင္တဲ့ အလန္းစား ဖုန္း ျဖစ္လာမွာပါ။ အဲဒီ ဖုန္းရဲ႕ Promo Photos ေတြ ၀ီဘိုမွာ ထြက္ေပၚလာၿပီး အေနာက္ကင္မရာေတြကို Mate 20 မွာလို  ေလးေထာင့္ကြက္ထဲမွာ ထည့္ထားပါတယ္။ Honor V30 နဲ႔ V30 Pro ဆိုၿပီး ေမာ္ဒယ္ ၂ မ်ိဳးထုတ္လုပ္ထားမွာျဖစ္ၿပီး Punch Hole Selfie Camera ေတြ ပါလာမွာပါ။ V30 Pro ရဲ႕ OLED Screen  မွာ Punch Holes ၂ ခု တပ္ဆင္ထားမွာပါ။ V30 ရဲ႕ LCD Screen  မွာေတာ့ ဆဲလ္ဖီး ကင္မရာ ၁ လံုးပဲ ပါမွာပါ။

စိတ္၀င္စားစရာေကာင္းတာက အေနာက္ကင္မရာ ျဖစ္ၿပီး ပင္မ ကင္မရာက 60MP ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ အရင္ သတင္းထြက္ေနတဲ့ 64MP မဟုတ္ပါဘူး။ လက္ရွိမွာ 60MP Camera ပါတဲ့ ဖုန္းေတြ မထြက္လာေသးပါဘူး။ Huawei ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြမွာလို 48MP မသံုးဘဲ 40MP သံုးထားတာပါ။

V30 Pro ရဲ႕ အားသာခ်က္ ၁ ခုက အေနာက္ကင္မရာ ၄ လံုး ပါလာမွာပါ။ ရိုးရိုး ေမာ္ဒယ္မွာ အေနာက္ကင္မရာ ၃ လံုးပဲ ပါမွာပါ။ ကင္မရာ ၁ လံုးစီရဲ႕ ဖန္ရွင္ေတြကိုေတာ့ မသိရေသးပါဘူး။ Honor V30 ေမာ္ဒယ္ ၂ လံုးစလံုးမွာ စြမ္းရည္ျမင့္ Kirin 990 Chipset ပါလာမွာ ျဖစ္ၿပီး Pro မွာ 5G ပါလာမွာပါ။

Honor V30 Pro မွာ ပိုႀကီးတဲ့ ဘက္ထရီနဲ႔ ပိုျမန္တဲ့ အားသြင္းနည္းပညာ ပါလာမွာပါ။ ဘက္ထရီက 4,200mAh ျဖစ္ၿပီး 40W SuperCharge နဲ႔ 15W Wireless Charging ပါလာမွာပါ။ V30 မွာ 4,000mAh Battery ပဲထည့္ထားမွာျဖစ္ၿပီး 22.5W SuperCharge ပါလာမွာပါ။ ႀကိဳးမဲ့အားသြင္း စနစ္ မပါလာပါဘူး။ ဒီလထဲမွာ ေရာင္းမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

Honor V30 Pro မှာ 60MP Rear Camera နဲ့ Dual Punch Holes ပါလာနိုင်

Honor V30 ဟာ Mate 30 ကိုတောင် စိန်ခေါ်နိုင်တဲ့ အလန်းစား ဖုန်း ဖြစ်လာမှာပါ။ အဲဒီ ဖုန်းရဲ့ Promo Photos တွေ ဝီဘိုမှာ ထွက်ပေါ်လာပြီး အနောက်ကင်မရာတွေကို Mate 20 မှာလို လေးထောင့်ကွက်ထဲမှာ ထည့်ထားပါတယ်။ Honor V30 နဲ့ V30 Pro ဆိုပြီး မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာဖြစ်ပြီး Punch Hole Selfie Camera တွေ ပါလာမှာပါ။ V30 Pro ရဲ့ OLED Screen မှာ Punch Holes ၂ ခု တပ်ဆင်ထားမှာပါ။ V30 ရဲ့ LCD Screen မှာတော့ ဆဲလ်ဖီး ကင်မရာ ၁ လုံးပဲ ပါမှာပါ။

စိတ်ဝင်စားစရာကောင်းတာက အနောက်ကင်မရာ ဖြစ်ပြီး ပင်မ ကင်မရာက 60MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အရင် သတင်းထွက်နေတဲ့ 64MP မဟုတ်ပါဘူး။ လက်ရှိမှာ 60MP Camera ပါတဲ့ ဖုန်းတွေ မထွက်လာသေးပါဘူး။ Huawei ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာလို 48MP မသုံးဘဲ 40MP သုံးထားတာပါ။

V30 Pro ရဲ့ အားသာချက် ၁ ခုက အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ ရိုးရိုး မော်ဒယ်မှာ အနောက်ကင်မရာ ၃ လုံးပဲ ပါမှာပါ။ ကင်မရာ ၁ လုံးစီရဲ့ ဖန်ရှင်တွေကိုတော့ မသိရသေးပါဘူး။ Honor V30 မော်ဒယ် ၂ လုံးစလုံးမှာ စွမ်းရည်မြင့် Kirin 990 Chipset ပါလာမှာ ဖြစ်ပြီး Pro မှာ 5G ပါလာမှာပါ။

Honor V30 Pro မှာ ပိုကြီးတဲ့ ဘက်ထရီနဲ့ ပိုမြန်တဲ့ အားသွင်းနည်းပညာ ပါလာမှာပါ။ ဘက်ထရီက 4,200mAh ဖြစ်ပြီး 40W SuperCharge နဲ့ 15W Wireless Charging ပါလာမှာပါ။ V30 မှာ 4,000mAh Battery ပဲထည့်ထားမှာဖြစ်ပြီး 22.5W SuperCharge ပါလာမှာပါ။ ကြိုးမဲ့အားသွင်း စနစ် မပါလာပါဘူး။ ဒီလထဲမှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena