Zawgyi

Honor ရဲ႕ အႀကီးအကဲ Zhao Ming ကေတာ့ 5G နက္ဝပ္အသုံးျပဳႏုိင္မယ့္ Honor V30 ဖုန္းဟာ လာမယ့္ ႏုိဝင္ဘာထဲမွာ ထြက္လာမယ္လို႔ ေျပာလုိက္ပါတယ္။ ႏုိဝင္ဘာလထဲမွာ ရက္စြဲအတိအက်ကိုေတာ့ မေျပာခဲ့ေပမယ့္ အဆုိပါ ဖုန္းဟာ လူငယ္လူရြယ္ပုိင္းကို ပစ္မွတ္ထားလာမယ္လို႔ေတာ့ ဆုိခဲ့ပါတယ္။

သတင္းေတြကေတာ့ V30 လုိင္းအပ္စမတ္ဖုန္းေတြထဲမွာ Honor V30 Pro ကသာ 5G ရရွိမယ့္ေမာ္ဒယ္ျဖစ္တယ္လို႔ ဆုိေနပါတယ္။ ၄င္းမွာ Kirin 990 5G ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး 5G Modem တစ္ပါတည္း ပါဝင္လာပါတယ္။ ဒီဖုန္းမွာ အဓိကကင္မရာအျဖစ္ 60MP Sensor ပါဝင္လာၿပီး ေရွ႕ဘက္မွာ Punch-hole ႏွစ္ခု (Dual Punch-holes) နဲ႔ OLED Screen လို႔ ဆုိပါတယ္။

Honor V30 ဖုန္းဟာ 4G ဗားရွင္းလည္း ထြက္လာႏုိင္ၿပီး ၄င္းမွာလည္း 4G ဗားရွင္း Kirin 990 ခ်စ္ပ္ဆက္ကိုပဲ အသုံးျပဳလာမွာပါ။ သူကေတာ့ Punch-hole တစ္ခုပဲ ပါမွာျဖစ္တဲ့အျပင္ LCD Panel ကိုသာ အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။ ဒါ့ေၾကာင့္ In-Display Fingerprint လည္း မပါႏုိင္ဘူးေပါ့။ အားသြင္းစနစ္မွာေတာ့ ရုိးရုိး Honor V30 ေမာ္ဒယ္ဟာ Wireless စနစ္ ပါမွာမဟုတ္ဘဲ 22.5W နဲ႔ Pro ဗားရွင္းမွာ ႀကိဳးနဲ႔ 40W ၊ ႀကိဳးမဲ့ 15W ထိ ပါဝင္လာမယ္လို႔ ဆုိပါတယ္။

V30 ေမာ္ဒယ္ႏွစ္ခုစလုံးမွာ Google Play ဝန္ေဆာင္မႈေတြ တစ္ပါတည္း ထည့္သြင္းလာမွာမဟုတ္တာကိုေတာ့ သတိျပဳေစလိုပါတယ္။ ဒါေပမယ့္ ဒီျပႆနာက Honor V30 ဖုန္းေတြကို တရုတ္ျပည္ ျပင္ပေစ်းကြက္မ်ားသို႔ ေရာင္းခ်ဖို႔ေတာ့ အတားအဆီးျဖစ္ေစမွာမဟုတ္ပါဘူး။

Ref – GSM Arena

Unicode

Honor ရဲ့ အကြီးအကဲ Zhao Ming ကတော့ 5G နက်ဝပ်အသုံးပြုနိုင်မယ့် Honor V30 ဖုန်းဟာ လာမယ့် နိုဝင်ဘာထဲမှာ ထွက်လာမယ်လို့ ပြောလိုက်ပါတယ်။ နိုဝင်ဘာလထဲမှာ ရက်စွဲအတိအကျကိုတော့ မပြောခဲ့ပေမယ့် အဆိုပါ ဖုန်းဟာ လူငယ်လူရွယ်ပိုင်းကို ပစ်မှတ်ထားလာမယ်လို့တော့ ဆိုခဲ့ပါတယ်။

သတင်းတွေကတော့ V30 လိုင်းအပ်စမတ်ဖုန်းတွေထဲမှာ Honor V30 Pro ကသာ 5G ရရှိမယ့်မော်ဒယ်ဖြစ်တယ်လို့ ဆိုနေပါတယ်။ ၎င်းမှာ Kirin 990 5G ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး 5G Modem တစ်ပါတည်း ပါဝင်လာပါတယ်။ ဒီဖုန်းမှာ အဓိကကင်မရာအဖြစ် 60MP Sensor ပါဝင်လာပြီး ရှေ့ဘက်မှာ Punch-hole နှစ်ခု (Dual Punch-holes) နဲ့ OLED Screen လို့ ဆိုပါတယ်။

Honor V30 ဖုန်းဟာ 4G ဗားရှင်းလည်း ထွက်လာနိုင်ပြီး ၎င်းမှာလည်း 4G ဗားရှင်း Kirin 990 ချစ်ပ်ဆက်ကိုပဲ အသုံးပြုလာမှာပါ။ သူကတော့ Punch-hole တစ်ခုပဲ ပါမှာဖြစ်တဲ့အပြင် LCD Panel ကိုသာ အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် In-Display Fingerprint လည်း မပါနိုင်ဘူးပေါ့။ အားသွင်းစနစ်မှာတော့ ရိုးရိုး Honor V30 မော်ဒယ်ဟာ Wireless စနစ် ပါမှာမဟုတ်ဘဲ 22.5W နဲ့ Pro ဗားရှင်းမှာ ကြိုးနဲ့ 40W ၊ ကြိုးမဲ့ 15W ထိ ပါဝင်လာမယ်လို့ ဆိုပါတယ်။

V30 မော်ဒယ်နှစ်ခုစလုံးမှာ Google Play ဝန်ဆောင်မှုတွေ တစ်ပါတည်း ထည့်သွင်းလာမှာမဟုတ်တာကိုတော့ သတိပြုစေလိုပါတယ်။ ဒါပေမယ့် ဒီပြဿနာက Honor V30 ဖုန်းတွေကို တရုတ်ပြည် ပြင်ပဈေးကွက်များသို့ ရောင်းချဖို့တော့ အတားအဆီးဖြစ်စေမှာမဟုတ်ပါဘူး။

Ref – GSM Arena