Honor က ဇန်နဝါရီလမှာ V40 ကို ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။  အဲဒီ စမတ်ဖုန်းရဲ့ လျှို့ဝှက်အမည်ဟာ YORK ဖြစ်ပြီး မော်ဒယ်နံပါတ်က YOK-AN10 ဖြစ်ပါတယ်။ Honor က V40 စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို အရိပ်အယောင်တောင် မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ အခုတော့ Honor V40 ကို တရုတ်က 3C မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 66W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Honor V40 gets 3C certified with 66W charging

Honor V40 အတွက် မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမယ်လို့ အရင်က သတင်းထွက်လာခဲ့ပြီး ၁ လုံးမှာ Kirin SoC နဲ့ နောက် ၁ လုံးမှာ MediaTek Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီက Kirin SoC မော်ဒယ် ထုတ်လုပ်မယ့် အစီအစဉ်ကို ရပ်နားလိုက်ပြီး MediaTek Dimensity 1000+ Chipset မော်ဒယ်ကိုပဲ ထုတ်လုပ် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Huawei nova 8 and Honor V40 to share similar camera design

Honor V40 မှာ 120Hz Refresh Rate ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ အနည်းဆုံး ကင်မရာ ၄ လုံး သို့မဟုတ် ၅ လုံး ထည့်သွင်းထားမယ်လို့ အရင်က သတင်းထွက်လာခဲ့ပါတယ်။ ပင်မ ကင်မရာက 50MP ဖြစ်ပြီး 66W Wired Charging နဲ့ 40W Wireless Charging တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

တခြား ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ပေါက်ကြားခဲ့ဖူးတဲ့ ကင်မရာ ပုံကြမ်း အရ 50MP ကင်မရာကို အရွယ်ကြီး Hole မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး ကျန် ကင်မရာ ၃ လုံးနဲ့ LED Flash ကို အရွယ်သေး Hole မှာ တပ်ဆင်ထားမှာပါ။

Ref : gsmarena