Huawei ဟာ Honor ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက Sub-brand တစ်ခုအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက တရားဝင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။ ဒါက Honor ကို Huawei ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုကနေ သီးသန့်ဖြစ်သွားပြီလို့ပြောနိုင်ပါတယ်။

အစောပိုင်းတုန်းက Honor စမတ်ဖုန်းတွေဟာ Huawei စမတ်ဖုန်းတွေနဲ့ ဆင်တူတဲ့ Design အပြင် Chipset ကိုပါ Huawei ရဲ့ HiSilicon Kirin Chipset တွေကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Honor V40 Series ဖုန်းတွေကလည်း Huawei ရဲ့ 5nm Flagship Chipset ဖြစ်တဲ့ Kirin 9000 Chipset ကို အသုံးပြုဖို့ စီစဥ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာ Honor ကို တရားဝင်ရောင်းချလိုက်ပြီဖြစ်တဲ့အတွက် Honor အနေနဲ့ Kirin 9000 Chipset တွေကို အသုံးပြုနိုင်တော့မှာမဟုတ်တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုး Kirin 9000 Chipset တွေကို အသုံးပြုနိုင်ခြင်းမရှိတော့တာက Honor ကို ရောင်းချပြီးဖြစ်နေတဲ့အပြင် လက်ရှိ Huawei ကိုလည်း TSMC ကနေ 5nm Chip တွေထောက်ပံ့ခြင်းမရှိတော့တဲ့အတွက် လုံလောက်အောင် မထုတ်လုပ်နိုင်တော့တာကြောင့်လို့ သိရပါတယ်။ Huawei အနေနဲ့လည်း Kirin 9000 Chipset တွေကို လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Huawei P50 Series ဖုန်းတွေမှာလည်းအသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Honor အနေနဲ့ အခုအတိုင်းဆိုရင် Honor V40 Series ဖုန်းတွေမှာ MediaTek ရဲ့ Dimensity 1000+ Chipset သို့မဟုတ် မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ 6nm Architecture ကို အခြေခံထားတဲ့ MT6893 Chipset အသစ်ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena