Honor ကုမ္ပဏီဟာ Smart Life ကွန်ဖရင့်ကို ကျင်းပခဲ့ပြီး Honor V6 တက်ဘလက်သစ်ကိုလည်း မိတ်ဆက်လာခဲ့ပါတယ်။ ပထမဆုံးဈေးကွက်ဝင် 5G တက်ဘလက်ဟာ မနှစ်ကထုတ်လုပ်ခဲ့တဲ့ Huawei MatePad Pro 5G ဖြစ်ပြီး ယခု Honor V6 ကလည်း 5G နဲ့ Wifi 6 ချိတ်ဆက်နိုင်စွမ်းကို ထောက်ပံ့လာတဲ့ ပထမဆုံး တက်ဘလက်ဖြစ်ပါတယ်။

Honor V6 မှာ ကြီးမားတဲ့ 10.4” FullScreen Display ပါဝင်ကာ 2K Resolution ထိရှိပြီး Screen-to-body အချိုးလည်း 84% ရှိပါတယ်။ ၎င်းဟာ Wizard of OZ, Titanium Sky Silver နဲ့ Magic Night Black လို့ ဆန်းဆန်းပြားပြား အမည်ပေးထားတဲ့ ကာလာသုံးမျိုးနဲ့ ထွက်ရှိလာမှာပါ။

အတွင်းမှာ Kirin 985 5G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Wifi 6+ နဲ့ Dynamic Narrow-bandwidth နည်းပညာတို့ပါဝင်တာကြောင့် လိုင်းဆွဲအားပိုကောင်းသလို နံရံခြားနေရင်လည်း အင်တာနက်ချိတ်ဆက်မှု ပိုတည်ငြိမ်မှာ ဖြစ်ပါတယ်။ ဘက္ထရီက 7,250 mAh တောင်ဖြစ်ပြီး 22.5W အားသွင်းစနစ်ပါဝင်ပါတယ်။

Honor V6 မှာ Pressure Sensitivity 4096 ထိရှိတဲ့ Stylus Pen တစ်ခုပါဝင်ပြီး Magic Pencil လို့ အမည်ပေးထားကာ ပုံဆွဲတာလိုမျိုး လှုပ်ရှားမှုတွေ ကောင်းကောင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ V6 Tablet ပေါ်မှာ အနုပညာရှင်တစ်ယောက်က ရေးဆွဲထားတဲ့ပုံကိုတောင် Honor က ဖော်ပြခဲ့ပါသေးတယ်။

ကင်မရာပိုင်းမှာတော့ ရှေ့ဘက်မှာ 8MP ကင်မရာပါဝင်ပြီး နောက်ဘက်မှာလည်း 13MP ကင်မရာတစ်လုံးတည်း ထည့်သွင်းထားပါတယ်။ Honor က လောလောဆယ်တော့ ရရှိနိုင်မယ့်ဈေးကွက်နဲ့ ဈေးနှုန်းတို့ကို မကြေညာသေးပါဘူး။

Ref – GizmoChina