[Zawgyi]

Honor က ေနာက္ထုတ္မယ့္ V Series Smartphone ကို Vera30 လို႔ နာမည္ေပးထားမယ္ဆိုတာ မၾကာခင္က အတည္ျပဳခဲ့ပါတယ္။ Honor ရဲ႕ ပထမဆံုး 5G Smartphone ျဖစ္ၿပီး 90Hz Display ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ တရုတ္မွာ Vera30 နာမည္နဲ႔ မိတ္ဆက္မွာ ျဖစ္ေပမယ့္ တျခားႏုိင္ငံေတြမွာ V30 နာမည္နဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။

Honor V30 ဟာ အရင္ႏွစ္ထုတ္ V20 ရဲ႕ မ်ိဳးဆက္ ျဖစ္လာမွာပါ။ V20 မွာေတာ့ 60fps နဲ႔ 64-bit Games ေတြကို ပံ့ပိုးေပးထားပါတယ္။ V30 မွာ 90Hz Refresh Rate ပါလာမွာ ျဖစ္တဲ့အတြက္ ဂိမ္း ကစားရင္ ပုိလန္းလာမွာပါ။ Honor ရဲ႕ ဥကၠဌ Zhao Ming က ေနာက္ထုတ္မယ့္ V30 မွာ 5G ဆက္သြယ္မႈ ပါမယ္္လို႔ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ မၾကာခင္က အတည္ျပဳခဲ့ပါတယ္။ 91Mobile က အဲဒီ စမတ္ဖုန္းမွာ Full 5G SA (standalone) နဲ႔ NSA (non-standalone) Network ေတြလည္း ပါမယ္လို႔ ေျပာပါတယ္။ ဒါေတြကလြဲၿပီး V30 ရဲ႕ အျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ Huawei က သူ႔ရဲ႕ပထမဆံုး 5G Smartphone ျဖစ္တဲ့ Mate 20 X 5G ကို တရုတ္မွာ ေရာင္းခ်ေပးေနပါၿပီ။

Honor V30 မွာ Mate 30 Pro မွာလို စက္၀ိုင္းပံု အေနာက္ကင္မရာ ပါလာႏုိင္ပါတယ္။ Mate 30 Series ေတြလိုပဲ Android 10 အေျချပဳ ေနာက္ဆံုးထုတ္ EMUI ထည့္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ Google Apps ေတြ မပါလာႏုိင္ပါဘူး။

5G နည္းပညာဟာ လူသားေတြကို မ်ားစြာ အက်ိဳးျပဳႏုိင္တဲ့အတြက္ နည္းပညာ ကုမၸဏီေတြရဲ႕ မ်က္စိက်စရာ ျဖစ္ေနပါတယ္။ Samsung က Galaxy S10 Plus ရဲ႕ 5G Model ကို ထုတ္လုပ္ထားၿပီး Xiaomi , Vivo နဲ႔ OPPO တို႔ကလည္း ကိုယ္ပိုင္ 5G Smartphone ေတြကို ထုတ္လုပ္ေရာင္းခ်ေနၾကပါတယ္။ Huawei ရဲ႕ ကုမၸဏီခြဲ Honor ကလည္း ေနာက္ထုတ္မယ့္ စြမ္းေဆာင္ရည္ျမင့္ V30 မွာ 5G နည္းပညာ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Honor Vera30 မှာ 90Hz Refresh Rate Display ပါလာနိုင်

Honor က နောက်ထုတ်မယ့် V Series Smartphone ကို Vera30 လို့ နာမည်ပေးထားမယ်ဆိုတာ မကြာခင်က အတည်ပြုခဲ့ပါတယ်။ Honor ရဲ့ ပထမဆုံး 5G Smartphone ဖြစ်ပြီး 90Hz Display ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်မှာ Vera30 နာမည်နဲ့ မိတ်ဆက်မှာ ဖြစ်ပေမယ့် တခြားနိုင်ငံတွေမှာ V30 နာမည်နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Honor V30 ဟာ အရင်နှစ်ထုတ် V20 ရဲ့ မျိုးဆက် ဖြစ်လာမှာပါ။ V20 မှာတော့ 60fps နဲ့ 64-bit Games တွေကို ပံ့ပိုးပေးထားပါတယ်။ V30 မှာ 90Hz Refresh Rate ပါလာမှာ ဖြစ်တဲ့အတွက် ဂိမ်း ကစားရင် ပိုလန်းလာမှာပါ။ Honor ရဲ့ ဥက္ကဌ Zhao Ming က နောက်ထုတ်မယ့် V30 မှာ 5G ဆက်သွယ်မှု ပါမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မကြာခင်က အတည်ပြုခဲ့ပါတယ်။ 91Mobile က အဲဒီ စမတ်ဖုန်းမှာ Full 5G SA (standalone) နဲ့ NSA (non-standalone) Network တွေလည်း ပါမယ်လို့ ပြောပါတယ်။ ဒါတွေကလွဲပြီး V30 ရဲ့ အခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Huawei က သူ့ရဲ့ပထမဆုံး 5G Smartphone ဖြစ်တဲ့ Mate 20 X 5G ကို တရုတ်မှာ ရောင်းချပေးနေပါပြီ။

Honor V30 မှာ Mate 30 Pro မှာလို စက်ဝိုင်းပုံ အနောက်ကင်မရာ ပါလာနိုင်ပါတယ်။ Mate 30 Series တွေလိုပဲ Android 10 အခြေပြု နောက်ဆုံးထုတ် EMUI ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Google Apps တွေ မပါလာနိုင်ပါဘူး။

5G နည်းပညာဟာ လူသားတွေကို များစွာ အကျိုးပြုနိုင်တဲ့အတွက် နည်းပညာ ကုမ္ပဏီတွေရဲ့ မျက်စိကျစရာ ဖြစ်နေပါတယ်။ Samsung က Galaxy S10 Plus ရဲ့ 5G Model ကို ထုတ်လုပ်ထားပြီး Xiaomi , Vivo နဲ့ OPPO တို့ကလည်း ကိုယ်ပိုင် 5G Smartphone တွေကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ Huawei ရဲ့ ကုမ္ပဏီခွဲ Honor ကလည်း နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် V30 မှာ 5G နည်းပညာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Ref : gizmochina