[Zawgyi]

Honor ဟာ ၂၀၁၈ ခုႏွစ္ကို Flagship ဟန္းဆက္အသစ္ View 20 အားမိတ္ဆက္ျခင္းျဖင့္ ခမ္းနားစြာ ပိတ္သိမ္းခဲ့ၿပီး သူ႕ရဲ႕ ေတာက္ပတဲ့ဒီဇုိင္း၊ ကင္မရာအေပါက္ပါတဲ့ Display နဲ႔ 48MP ကင္မရာတုိ႔ ပါဝင္တာေၾကာင့္ စိတ္ဝင္စားစရာ တစ္ခုျဖစ္ခဲ့ပါတယ္။ ယခုတရုတ္ေစ်းကြက္မွာ ေရာင္းခ်ေနၿပီျဖစ္တဲ့ Honor View 20 ကို ဥေရာပ ေစ်းကြက္မွာ မိတ္ဆက္ဖို႔ ႀကိဳတင္ေၾကျငာထားတဲ့ အခ်ိန္ကို ေရာက္ရွိေတာ့မွာျဖစ္ၿပီး ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕မွာ လာမယ့္ ၂၂ ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

လက္ရွိဝက္ဆုိက္တစ္ခုက View 20 အတြက္ ဥေရာပေစ်းႏႈန္းသတ္မွတ္ခ်က္ကို ဖြင့္ခ်လာခဲ့ၿပီး 6GB RAM / 128GB Storage ေမာ္ဒယ္ Phantom Blue ဗားရွင္းဟာ ေစ်းကြက္ေပၚမူတည္ၿပီး ယူရုိေငြ ၅၄၉ သုိ႔မဟုတ္ ၅၆၉ (ျမန္မာေငြ ကုိးသိန္းေျခာက္ေသာင္း သို႔ ဆယ္သိန္း) က်သင့္မယ္လို႔ ေဖာ္ျပလာပါတယ္။ 8GB / 256GB ေမာ္ဒယ္ကေတာ့ Sapphire Blue သို႔ Black အေရာင္ျဖင့္ ရရွိႏုိင္မွာျဖစ္ၿပီး သူဟာလည္း ေစ်းကြက္ေပၚမူတည္ကာ ယူရုိေငြ ၆၄၉ သို႔ ၆၉၉ (ျမန္မာေငြ ၁၁ သိန္းခြဲ သို႔ ၁၂ သိန္း ၃ ေသာင္းခန္႔) သတ္မွတ္လာမွာပါ။

ပါရီၿမိဳ႕ပြဲမွာ ပါဝင္လာမယ့္ ေနာက္ထုတ္ကုန္တစ္ခုက Honor Watch Magic ျဖစ္ပါတယ္။ သူကလည္း ယူရုိေငြ ၁၇၉ (ျမန္မာေငြ ၃ သိန္း ၁ ေသာင္းေက်ာ္) နဲ႔ေစ်းကြက္ထဲမွာ ေရာင္းခ်မွာျဖစ္ေပမယ့္ အခ်ဳိ႕ လက္လီ အေရာင္းဆုိက္ေတြမွာေတာ့ Honor View 20 တစ္လုံး ဝယ္ယူရင္ အခမဲ့ လက္ေဆာင္ေပးလာမယ္လို႔ ေဖာ္ျပထားတယ္။

အိႏၵိယေစ်းကြက္ကိုလည္း Honor ရဲ႕ဟန္းဆက္အသစ္က ထုိးေဖာက္လာမွာျဖစ္ေပမယ့္ View 20 သာမက Honor 10 Lite စမတ္ဖုန္းကိုပါ ေဒသေစ်းကြက္ကုိ ပို႔ေဆာင္ဖို႔ ႀကိဳးစားေနတာပါ။ သူ႕ရဲ႕ေရွ႕မ်ဳိးဆက္ Honor 9 Lite ဟာ အိႏၵိယေစ်းကြက္ထဲမွာ လူႀကိဳက္မ်ားခဲ့တဲ့ ထုတ္ကုန္တစ္ခု ျဖစ္ပါတယ္။

အိႏိၵယမွာ Honor ကုမၸဏီဟာ လိုကယ္မိတ္ဆက္ပြဲအတြက္ “Save the Date” ဖိတ္စာေတြကို ေပးပို႔ေနၿပီလို႔ သိရၿပီး ေန႔စြဲကေတာ့ ဇန္နဝါရီ ၂၉ ျဖစ္ပါတယ္။ Honor 10 Lite ကိုလည္း ဇန္နဝါရီလထဲမွာ ဒီေစ်းကြက္သုိ႔ တင္ပို႔သြားမယ္လို႔ သတင္းထြက္ခဲ့တဲ့အတြက္ ဖုန္းႏွစ္လုံးဟာ တခ်ိန္တည္း ထြက္ေပၚလာႏုိင္ပါတယ္။ Honor 10 Lite စမတ္ဖုန္းဟာ View 20 မတုိင္ခင္ တစ္လအလိုတည္းက တရုတ္ျပည္မွာ မိတ္ဆက္ခဲ့ၿပီး ေဒၚလာသုံးရာေအာက္ ေစ်းႏႈန္းသတ္မွတ္ထားပါတယ္။

Ref – GSM Arena

[Unicode]

Honor ဟာ ၂၀၁၈ ခုနှစ်ကို Flagship ဟန်းဆက်အသစ် View 20 အားမိတ်ဆက်ခြင်းဖြင့် ခမ်းနားစွာ ပိတ်သိမ်းခဲ့ပြီး သူ့ရဲ့ တောက်ပတဲ့ဒီဇိုင်း၊ ကင်မရာအပေါက်ပါတဲ့ Display နဲ့ 48MP ကင်မရာတို့ ပါဝင်တာကြောင့် စိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုတရုတ်ဈေးကွက်မှာ ရောင်းချနေပြီဖြစ်တဲ့ Honor View 20 ကို ဥရောပ ဈေးကွက်မှာ မိတ်ဆက်ဖို့ ကြိုတင်ကြေငြာထားတဲ့ အချိန်ကို ရောက်ရှိတော့မှာဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လာမယ့် ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိဝက်ဆိုက်တစ်ခုက View 20 အတွက် ဥရောပဈေးနှုန်းသတ်မှတ်ချက်ကို ဖွင့်ချလာခဲ့ပြီး 6GB RAM / 128GB Storage မော်ဒယ် Phantom Blue ဗားရှင်းဟာ ဈေးကွက်ပေါ်မူတည်ပြီး ယူရိုငွေ ၅၄၉ သို့မဟုတ် ၅၆၉ (မြန်မာငွေ ကိုးသိန်းခြောက်သောင်း သို့ ဆယ်သိန်း) ကျသင့်မယ်လို့ ဖော်ပြလာပါတယ်။ 8GB / 256GB မော်ဒယ်ကတော့ Sapphire Blue သို့ Black အရောင်ဖြင့် ရရှိနိုင်မှာဖြစ်ပြီး သူဟာလည်း ဈေးကွက်ပေါ်မူတည်ကာ ယူရိုငွေ ၆၄၉ သို့ ၆၉၉ (မြန်မာငွေ ၁၁ သိန်းခွဲ သို့ ၁၂ သိန်း ၃ သောင်းခန့်) သတ်မှတ်လာမှာပါ။

ပါရီမြို့ပွဲမှာ ပါဝင်လာမယ့် နောက်ထုတ်ကုန်တစ်ခုက Honor Watch Magic ဖြစ်ပါတယ်။ သူကလည်း ယူရိုငွေ ၁၇၉ (မြန်မာငွေ ၃ သိန်း ၁ သောင်းကျော်) နဲ့ဈေးကွက်ထဲမှာ ရောင်းချမှာဖြစ်ပေမယ့် အချို့ လက်လီ အရောင်းဆိုက်တွေမှာတော့ Honor View 20 တစ်လုံး ဝယ်ယူရင် အခမဲ့ လက်ဆောင်ပေးလာမယ်လို့ ဖော်ပြထားတယ်။

အိန္ဒိယဈေးကွက်ကိုလည်း Honor ရဲ့ဟန်းဆက်အသစ်က ထိုးဖောက်လာမှာဖြစ်ပေမယ့် View 20 သာမက Honor 10 Lite စမတ်ဖုန်းကိုပါ ဒေသဈေးကွက်ကို ပို့ဆောင်ဖို့ ကြိုးစားနေတာပါ။ သူ့ရဲ့ရှေ့မျိုးဆက် Honor 9 Lite ဟာ အိန္ဒိယဈေးကွက်ထဲမှာ လူကြိုက်များခဲ့တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။

အိန္ဒိယမှာ Honor ကုမ္ပဏီဟာ လိုကယ်မိတ်ဆက်ပွဲအတွက် “Save the Date” ဖိတ်စာတွေကို ပေးပို့နေပြီ လို့ သိရပြီး နေ့စွဲကတော့ ဇန်နဝါရီ ၂၉ ဖြစ်ပါတယ်။ Honor 10 Lite ကိုလည်း ဇန်နဝါရီလထဲမှာ ဒီဈေးကွက်သို့ တင်ပို့သွားမယ်လို့ သတင်းထွက်ခဲ့တဲ့အတွက် ဖုန်းနှစ်လုံးဟာ တချိန်တည်း ထွက်ပေါ်လာနိုင်ပါတယ်။ Honor 10 Lite စမတ်ဖုန်းဟာ View 20 မတိုင်ခင် တစ်လအလိုတည်းက တရုတ်ပြည်မှာ မိတ်ဆက်ခဲ့ပြီး ဒေါ်လာသုံးရာအောက် ဈေးနှုန်းသတ်မှတ်ထားပါတယ်။

Ref – GSM Arena