[Zawgyi]

Honor View 20 စမတ္ဖုန္းသစ္ဟာဒီဇင္ဘာ၂၆ရက္ေန႔မွတရားဝင္မိတ္ဆက္လာဖို႔ေၾကျငာထားေပမယ့္ေဟာင္ေကာင္မွာေတာ့ဓါတ္ပုံေတြထြက္ေပၚလာခဲ့ပါၿပီ။ထြက္မယ့္ရက္နီးကပ္လာတဲ့အမွ်ဒီဖုန္းရဲ႕အခ်က္အလက္ေတြနဲ႔ပုံရိပ္ေတြဟာတေျဖးေျဖးအြန္လိုင္းေပၚေရာက္လာခဲ့တာပါ။ေနာက္ဆုံးသတင္းကေတာ့Weibo သုံးစြဲသူတစ္ေယာက္ရဲ႕အေကာင့္မွျဖစ္ၿပီးAnTuTu Benchmark ထြက္ေပၚအၿပီးေနာက္တစ္ရက္မွာတင္ေအာ္ရဂ်င္နယ္ဗူးခြံထဲကView 20 ဖုန္းရဲ႕ပုံရိပ္ကိုတင္လာခဲ့တာပါ။

အျခားသတင္းဆုိက္ေတြမွာတင္ခဲ့တဲ့Prototype ေတြရဲ႕ပုံေတြလိုမဟုတ္ဘဲေစ်းကြက္ထဲကိုေရာက္လာမယ့္ပုံကိုတင္ခဲ့တာလို႔သိရၿပီးကုမၸဏီဟာဒီဖုန္းကိုစမ္းသပ္ဖို႔ထင္ရွားသူအခ်ဳိ႕နဲ႔စမ္းသပ္သုံးစြဲသူေတြကိုေပးအပ္ခဲ့ပုံရပါတယ္။ဒါ့ေၾကာင့္လာမယ့္ေန႔ေတြမွာလည္းဒီဖုန္းကိုထပ္ျမင္ေတြ႕ရဖို႔ေမွ်ာ္လင့္ရတယ္။

တခ်ိန္တည္းမွာပဲHonor ဟာView 20 ဖုန္းမွာစတင္သုံးစြဲလာမယ့္Screen ေပၚကCamera Hole ေလးကိုအသားေပးထားတဲ့Teaser ပိုစတာသုံးခုကိုထုတ္ျပန္လာခဲ့ပါတယ္။ပိုစတာတစ္ခုစီမွာကြဲျပားတဲ့ေနာက္ခံအေရာင္ေတြရွိေနတာကစိတ္ဝင္စားစရာျဖစ္ၿပီးHonor View 20 မွာအျပာနဲ႔အနီအျပင္ေခၚရခက္မယ့္အညိဳဆန္ဆန္အေရာင္တစ္ခုတုိ႔ျဖင့္ထြက္ရွိလာမယ္လို႔ယူဆရပါတယ္။

အေပၚမွာျမင္ေတြ႕ရတဲ့ပုံအရေတာ့View 20 မွာEMIU 9.0 ကိုတစ္ခါတည္းျမင္ရဖို႔ေမွ်ာ္လင့္ရပါတယ္။ဒါေပမယ့္Honor Magic 2 ဟန္းဆက္ေတြကိုေရာက္ေနၿပီျဖစ္တဲ့Magic UI ကိုအသုံးျပဳလာတာဆုိရင္လည္းအံ့ၾသစရာမရွိပါဘူး။

Ref – GSM Arena

[Unicode]

Honor View 20 စမတ်ဖုန်းသစ်ဟာဒီဇင်ဘာ၂၆ရက်နေ့မှ တရားဝင်မိတ်ဆက်လာဖို့ကြေငြာထားပေမယ့်ဟောင်ကောင်မှာတော့ဓါတ်ပုံတွေထွက်ပေါ်လာခဲ့ပါပြီ။ထွက်မယ့်ရက်နီးကပ်လာတဲ့အမျှ ဒီဖုန်းရဲ့အချက်အလက်တွေနဲ့ပုံရိပ်တွေဟာတဖြေးဖြေးအွန်လိုင်းပေါ်ရောက်လာခဲ့တာပါ။နောက်ဆုံးသတင်းကတော့Weibo သုံးစွဲသူတစ်ယောက်ရဲ့အကောင့်မှဖြစ်ပြီးAnTuTu Benchmark ထွက်ပေါ်အပြီးနောက်တစ်ရက်မှာတင်အော်ရဂျင်နယ်ဗူးခွံထဲကView 20 ဖုန်းရဲ့ပုံရိပ်ကိုတင်လာခဲ့တာပါ။

အခြားသတင်းဆိုက်တွေမှာတင်ခဲ့တဲ့Prototype တွေရဲ့ပုံတွေလိုမဟုတ်ဘဲဈေးကွက်ထဲကိုရောက်လာမယ့်ပုံကိုတင်ခဲ့တာလို့သိရပြီးကုမ္ပဏီဟာဒီဖုန်းကိုစမ်းသပ်ဖို့ထင်ရှားသူအချို့နဲ့စမ်းသပ်သုံးစွဲသူတွေကိုပေးအပ်ခဲ့ပုံရပါတယ်။ဒါ့ကြောင့်လာမယ့်နေ့တွေမှာလည်းဒီဖုန်းကိုထပ်မြင်တွေ့ရဖို့မျှော်လင့်ရတယ်။

တချိန်တည်းမှာပဲHonor ဟာView 20 ဖုန်းမှာစတင်သုံးစွဲလာမယ့်Screen ပေါ်ကCamera Hole လေးကိုအသားပေးထားတဲ့Teaser ပိုစတာသုံးခုကိုထုတ်ပြန်လာခဲ့ပါတယ်။ပိုစတာတစ်ခုစီမှာကွဲပြားတဲ့နောက်ခံအရောင်တွေရှိနေတာကစိတ်ဝင်စားစရာဖြစ်ပြီးHonor View 20 မှာအပြာနဲ့အနီအပြင်ခေါ်ရခက်မယ့်အညိုဆန်ဆန်အရောင်တစ်ခုတို့ဖြင့်ထွက်ရှိလာမယ်လို့ယူဆရပါတယ်။

အပေါ်မှာမြင်တွေ့ရတဲ့ပုံအရတော့View 20 မှာEMIU 9.0 ကိုတစ်ခါတည်းမြင်ရဖို့မျှော်လင့်ရပါတယ်။ဒါပေမယ့်Honor Magic 2 ဟန်းဆက်တွေကိုရောက်နေပြီဖြစ်တဲ့Magic UI ကိုအသုံးပြုလာတာဆိုရင်လည်းအံ့သြစရာမရှိပါဘူး။

Ref – GSM Arena