[Zawgyi]

တ႐ုတ္ရဲ႕ အႀကီးမားဆုံးဖုန္းကုမၸဏီလို႔ဆိုရမယ့္ Huawei ဟာ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကိုလည္း တန္းျမင့္ ထုတ္ကုန္ေတြနဲ႔အတူ အဆင့္အတန္းျမႇင့္တင္ေနပါတယ္။ အခုလည္း Honor ရဲ႕ View 20 ဟာ စမတ္ဖုန္းေလာကမွာ စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနရတဲ့ ဖုန္းတစ္လုံး ျဖစ္ေနပါၿပီ။

ဘယ္ေန႔ထြက္လာမလဲ၊ ဘယ္ေန႔ တရားဝင္ေၾကညာမလဲလို႔ ေစာင့္ဆိုင္းေနသူေတြအတြက္ Honor ရဲ႕ Poster အခ်ိဳ႕ ထပ္မံေပၚထြက္လာပါတယ္။ 48MP အဓိက ကင္မရာနဲ႔ Kirin 980 SoC ကို ေမွ်ာ္လင့္ေနၾကေပမယ့္ အခုအခ်ိန္ထိ တရားဝင္ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ တစ္ပတ္က ေပါက္ၾကားခဲ့တဲ့ ပိုစတာက အမွန္ျဖစ္မယ္လို႔ေတာ့ ယူဆရပါတယ္။ မ်က္ႏွာျပင္ကေတာ့ ဘယ္ဘက္အေပၚေထာင့္မွာ Punch-Hole ပုံစံနဲ႔ ျဖစ္လာမွာကို ၿပီးခဲ့တဲ့ ေပါက္ၾကားမႈအရ အတည္ျပဳႏိုင္ခဲ့ပါၿပီ။

အခုထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြအရဆိုရင္ View 20 ဟာ 4,000 mAh ဘက္ထရီကို အသုံးျပဳထားေၾကာင္း သိရပါတယ္။ မ်က္ႏွာျပင္ရဲ႕ Punch-Hole ထဲက ကင္မရာကေတာ့ 25MP sensor ျဖစ္တယ္လို႔ ဆိုပါတယ္။ ပိုစတာက ေဖာ္ျပထားတဲ့ထဲမွာ Turbo Link Feature လည္း ပါဝင္တာေၾကာင့္ 4G နဲ႔ Wi-Fi တၿပိဳင္နက္ သုံးလို႔ရႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Download Speed က သာမန္ထက္ ပိုၿပီးျမန္မွာ ျဖစ္ပါတယ္။

Honor View 20 မွာ အေရာင္ သုံးေရာင္ပါဝင္လာမယ္ဆိုတာကလည္း ေပါက္ၾကားၿပီးသားျဖစ္ပါတယ္။ သူ႔ရဲ႕ Punch-Hole က တျခားအမွတ္တံဆိပ္ေတြထက္ ပိုၿပီးေသးမေသးဆိုတာကလည္း တရားဝင္ ထုတ္ျပန္ခ်က္မွာမွ အတည္ျပဳလို႔ရမွာပါ။ IMUI 9.0 နဲ႔ 6GB RAM ဆိုတာလည္း တရားဝင္ထုတ္ျပန္မႈနီးပါးေလာက္ ေသခ်ာေနၿပီးသားပါ။ ဒီဇင္ဘာ ၂၆ မွာ မိတ္ဆက္မယ္ဆိုတဲ့အတြက္ လာမယ့္ ရက္သတၱပတ္ေတြအတြင္း ပိုၿပီးစုံလင္တဲ့ အခ်က္အလက္ ေပါက္ၾကားမႈေတြနဲ႔ အတည္ျပဳႏိုင္စရာ သတင္းေတြ ျဖစ္ေပၚလာဦးမယ္လို႔ ယူဆရပါတယ္။

Ref: GAMarena

 

[Unicode]

တရုတ်ရဲ့ အကြီးမားဆုံးဖုန်းကုမ္ပဏီလို့ဆိုရမယ့် Huawei ဟာ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကိုလည်း တန်းမြင့် ထုတ်ကုန်တွေနဲ့အတူ အဆင့်အတန်းမြှင့်တင်နေပါတယ်။ အခုလည်း Honor ရဲ့ View 20 ဟာ စမတ်ဖုန်းလောကမှာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတဲ့ ဖုန်းတစ်လုံး ဖြစ်နေပါပြီ။

ဘယ်နေ့ထွက်လာမလဲ၊ ဘယ်နေ့ တရားဝင်ကြေညာမလဲလို့ စောင့်ဆိုင်းနေသူတွေအတွက် Honor ရဲ့ Poster အချို့ ထပ်မံပေါ်ထွက်လာပါတယ်။ 48MP အဓိက ကင်မရာနဲ့ Kirin 980 SoC ကို မျှော်လင့်နေကြပေမယ့် အခုအချိန်ထိ တရားဝင် မသိရသေးပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က ပေါက်ကြားခဲ့တဲ့ ပိုစတာက အမှန်ဖြစ်မယ်လို့တော့ ယူဆရပါတယ်။ မျက်နှာပြင်ကတော့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-Hole ပုံစံနဲ့ ဖြစ်လာမှာကို ပြီးခဲ့တဲ့ ပေါက်ကြားမှုအရ အတည်ပြုနိုင်ခဲ့ပါပြီ။

အခုထွက်ပေါ်လာတဲ့ ရုပ်ပုံတွေအရဆိုရင် View 20 ဟာ 4,000 mAh ဘက်ထရီကို အသုံးပြုထားကြောင်း သိရပါတယ်။ မျက်နှာပြင်ရဲ့ Punch-hole ထဲက ကင်မရာကတော့ 25MP sensor ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုစတာက ဖော်ပြထားတဲ့ထဲမှာ Turbo Link feature လည်း ပါဝင်တာကြောင့် 4G နဲ့ Wi-Fi တပြိုင်နက် သုံးလို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Download Speed က သာမန်ထက် ပိုပြီးမြန်မှာ ဖြစ်ပါတယ်။

Honor View 20 မှာ အရောင် သုံးရောင်ပါဝင်လာမယ်ဆိုတာကလည်း ပေါက်ကြားပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ Punch-hole က တခြားအမှတ်တံဆိပ်တွေထက် ပိုပြီးသေးမသေးဆိုတာကလည်း တရားဝင် ထုတ်ပြန်ချက်မှာမှ အတည်ပြုလို့ရမှာပါ။ IMUI 9.0 နဲ့ 6GB RAM ဆိုတာလည်း တရားဝင်ထုတ်ပြန်မှုနီးပါးလောက် သေချာနေပြီးသားပါ။ ဒီဇင်ဘာ ၂၆ မှာ မိတ်ဆက်မယ်ဆိုတဲ့အတွက် လာမယ့် ရက်သတ္တပတ်တွေအတွင်း ပိုပြီးစုံလင်တဲ့ အချက်အလက် ပေါက်ကြားမှုတွေနဲ့ အတည်ပြုနိုင်စရာ သတင်းတွေ ဖြစ်ပေါ်လာဦးမယ်လို့ ယူဆရပါတယ်။

 

Ref: GAMarena