[Zawgyi]

Huawei ကုမၸဏီရဲ႕ အမွတ္တံဆိပ္ခြဲ Honor ဟာ သူတုိ႔ရဲ႕ Honor View 20 စမတ္ဖုန္းသစ္ကို တရုတ္ျပည္မွာ Honor V20 အမည္နဲ႔ လာမယ့္ဗုဒၶဟူးေန႔မွာ မိတ္ဆက္သြားမွာပါ။ ရက္အနည္းငယ္သာ လိုေတာ့တဲ့အခ်ိန္မွာ ဒီဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ပုံမွန္ထြက္ေပၚလာေနပါတယ္။

ေနာက္ဆုံးထြက္ခဲ့တဲ့ Leak ဓါတ္ပုံေတြမွာ Honor V20 Maserati Edition လို႔ေခၚတဲ့ ဟန္းဆက္ရဲ႕ ေက်ာဘက္ Panel ကိုေတြ႕ခဲ့ရၿပီး ဇိမ္ခံကားထုတ္လုပ္သူတစ္ဦးနဲ႔ ပူးေပါင္းထုတ္လုပ္လာမယ္ ဆုိတာ သိခြင့္ရခဲ့ပါတယ္။ ဒီဟန္းဆက္အသစ္ ဘယ္ေလာက္ေစ်းႏႈန္းသတ္မွတ္လာမလဲ ဆုိတာနဲ႔ ဗားရွင္း ဘယ္ႏွခု ထြက္ေပၚလာမလဲ ဆုိတာပါ သတင္းထြက္လာခဲ့ၿပီး မန္မုိရီ Combo ႏွစ္မ်ဳိးနဲ႔ ထြက္လာမယ့္ စမတ္ဖုန္းသစ္ဟာ ပုိေစ်းႀကီးတဲ့ ဗားရွင္းေတာင္မွ ေဒၚလာ ၅၀၀ ေအာက္ပဲ ရွိတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ၾကည့္ရတာ လြန္ခဲ့တဲ့ရက္အနည္းငယ္က သတင္းထြက္ခဲ့တဲ့ Maserati Edition ဆုိတာဟာ တကယ္ျဖစ္လာပုံပါပဲ။ ႀကိဳသိထားရမွာက ဒါဟာ အထူးဗားရွင္းစမတ္ဖုန္းဟာ ပုံမွန္ V20 နဲ႔ လုံးဝျခားနားေနႏုိင္တယ္ ဆုိတာကိုပါ။ Huawei Mate RS Porsche Design ဟန္းဆက္ဟာ Huawei P20 Pro နဲ႔ မတ္လမွာ တၿပိဳင္တည္း ပြဲထြက္လာေပမယ့္ တစ္ခုနဲ႔တစ္ခု မတူညီတာကို အမွတ္ရစရာပါပဲ။

Honor V20 စမတ္ဖုန္းဟာ တရုတ္ႏုိင္ငံေစ်းကြက္မွာ ႀကိဳတင္မွာယူႏုိင္ၿပီျဖစ္ၿပီး ေရွ႕ဘက္ Panel ကိုလည္း တရားဝင္ ထုတ္ျပခဲ့ပါၿပီ။ 6GB RAM / 64GB Storage ဟန္းဆက္ဟာ ေဒၚလာ ၄၀၅ ေလာက္နဲ႔ ညီမွ်တဲ့ တရုတ္ယြမ္ေငြ ၂၇၉၉ ျဖစ္ၿပီး ပိုျမင့္တဲ့ 6GB / 128GB ဗားရွင္းကေတာ့ ေဒၚလာ ၄၈၀ ဝန္းက်င္ျဖစ္တဲ့ တရုတ္ယြမ္ေငြ ၃၂၉၉ သာက်သင့္ပါတယ္။

Honor V20 ဖုန္းဟာ Charm Blue နဲ႔ Midnight Black လို႔ အမည္ေပးထားတဲ့ ကာလာႏွစ္မ်ဳိးနဲ႔ ထြက္ေပၚလာမွာ ျဖစ္ၿပီး ဒီဇင္ဘာ ၂၆ ရက္ေန႔မွာေတာ့ တရားဝင္ မိတ္ဆက္ပြဲမွာ အခ်က္အလက္အျပည့္စုံကို ျမင္ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Huawei ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ခွဲ Honor ဟာ သူတို့ရဲ့ Honor View 20 စမတ်ဖုန်းသစ်ကို တရုတ်ပြည်မှာ Honor V20 အမည်နဲ့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားမှာပါ။ ရက်အနည်းငယ်သာ လိုတော့တဲ့အချိန်မှာ ဒီဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပုံမှန်ထွက်ပေါ်လာနေပါတယ်။

နောက်ဆုံးထွက်ခဲ့တဲ့ Leak ဓါတ်ပုံတွေမှာ Honor V20 Maserati Edition လို့ခေါ်တဲ့ ဟန်းဆက်ရဲ့ ကျောဘက် Panel ကိုတွေ့ခဲ့ရပြီး ဇိမ်ခံကားထုတ်လုပ်သူတစ်ဦးနဲ့ ပူးပေါင်းထုတ်လုပ်လာမယ် ဆိုတာ သိခွင့်ရခဲ့ပါတယ်။ ဒီဟန်းဆက်အသစ် ဘယ်လောက်ဈေးနှုန်းသတ်မှတ်လာမလဲ ဆိုတာနဲ့ ဗားရှင်း ဘယ်နှခု ထွက်ပေါ်လာမလဲ ဆိုတာပါ သတင်းထွက်လာခဲ့ပြီး မန်မိုရီ Combo နှစ်မျိုးနဲ့ ထွက်လာမယ့် စမတ်ဖုန်းသစ်ဟာ ပိုဈေးကြီးတဲ့ ဗားရှင်းတောင်မှ ဒေါ်လာ ၅၀၀ အောက်ပဲ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကြည့်ရတာ လွန်ခဲ့တဲ့ရက်အနည်းငယ်က သတင်းထွက်ခဲ့တဲ့ Maserati Edition ဆိုတာဟာ တကယ်ဖြစ်လာပုံပါပဲ။ ကြိုသိထားရမှာက ဒါဟာ အထူးဗားရှင်းစမတ်ဖုန်းဟာ ပုံမှန် V20 နဲ့ လုံးဝခြားနားနေနိုင်တယ် ဆိုတာကိုပါ။ Huawei Mate RS Porsche Design ဟန်းဆက်ဟာ Huawei P20 Pro နဲ့ မတ်လမှာ တပြိုင်တည်း ပွဲထွက်လာပေမယ့် တစ်ခုနဲ့တစ်ခု မတူညီတာကို အမှတ်ရစရာပါပဲ။

Honor V20 စမတ်ဖုန်းဟာ တရုတ်နိုင်ငံဈေးကွက်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ရှေ့ဘက် Panel ကိုလည်း တရားဝင် ထုတ်ပြခဲ့ပါပြီ။ 6GB RAM / 64GB Storage ဟန်းဆက်ဟာ ဒေါ်လာ ၄၀၅ လောက်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၂၇၉၉ ဖြစ်ပြီး ပိုမြင့်တဲ့ 6GB / 128GB ဗားရှင်းကတော့ ဒေါ်လာ ၄၈၀ ဝန်းကျင်ဖြစ်တဲ့ တရုတ်ယွမ်ငွေ ၃၂၉၉ သာကျသင့်ပါတယ်။

Honor V20 ဖုန်းဟာ Charm Blue နဲ့ Midnight Black လို့ အမည်ပေးထားတဲ့ ကာလာနှစ်မျိုးနဲ့ ထွက်ပေါ်လာမှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ တရားဝင် မိတ်ဆက်ပွဲမှာ အချက်အလက်အပြည့်စုံကို မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena