[Zawgyi]

ၾသဂုတ္လမွာ က်င္းပခဲ့တဲ့ Huawei Developers Conference မွာ Honor Vision Smart TV ေတြကို ေၾကညာခဲ့ပါတယ္။ အဲဒီ TV ေတြမွာ Android အစား Huawei ရဲ႕ ကိုယ္ပိုင္ HarmonyOS ထည့္သြင္းထားပါတယ္။ အခုေတာ့ Honor Vision နဲ႔ Honor Vision Pro Smart TV ေတြကို အိႏၵိယမွာ ေရာင္းခ်ေပးေတာ့မွာပါ။  ကုမၸဏီက ၁၄ ရက္ေန႔ ပြဲအတြက္ မီဒီယာေတြကို ဖိတ္ၾကားၿပီးပါၿပီ။

ေမာ္ဒယ္ ၂ ခုစလံုးမွာ ၅၅ လက္မ 4K Display ထည့္သြင္းထားၿပီး အျမင့္ဆံုး အေနနဲ႔ 400 nits of Brightness ကို ထုတ္လုပ္ေပးပါတယ္။ 178-degrees Of Viewing Angle ကို ေထာက္ပံ့ေပးထားပါတယ္။ Blue Light ကို ကာကြယ္ေပးတဲ့ နည္းပညာ ပါပါတယ္။ Screen-to-body Ratio က ၉၄ ရာခိုင္ႏႈန္းေတာင္ ရွိတဲ့ အတြက္ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာၿပီး လွပပါတယ္။ အထူကလည္း ၆.၉ မီလီမီတာသာ ရွိပါတယ္။

အတြင္းပိုင္း ဟာ့ဒ္၀ဲေတြက ပိုေတာင္လန္းပါေသးတယ္။ Honor Vision TV ေတြမွာ Huawei ရဲ႕ Octa-core Honghu 818 Chipset ထည့္သြင္းထားပါတယ္။ အဆင့္ျမင့္ Image Processing နည္းပညာေတြထဲမွာ Motion Estimate and Motion Compensation (MEMC), High Dynamic Range Imaging (HDR), Super-Resolution (SR), Noise Reduction (NR), Dynamic Contrast Improvement (DCI), Auto Color Management (ACM) နဲ႔ Local Dimming (LD) ေတြ ပါပါတယ္။

Honor Vision Pro မွာ Pop-up AI Camera ပါၿပီး Video Calls ေတြအတြက္ ထည့္သြင္းထားတာျဖစ္ပါတယ္။ ကင္မရာမွာ HiSilicon Hi3516DV300 NPU Chipset ထည့္သြင္းထားၿပီး မ်က္ႏွာ မွတ္သားျခင္း၊ ခႏၱာကိုယ္ လႈပ္ရွားမႈကို ေစာင့္ၾကည့္ျခင္းနဲ႔ ကိုယ္ေနဟန္ထားကို အာရံုခံျခင္းတို႔လို AI စြမ္းရည္ေတြ ပါပါတယ္။

Honor Vision Pro နဲ႔ Honor Vision မွာ ကြာျခားခ်က္ အနည္းငယ္ ရွိပါတယ္။ Pro Version မွာ Pop-up Camera နဲ႔ မိုက္ကရိုဖုန္း ၆ လံုး ထည့္သြင္းထားၿပီး Video Call ျပဳလုပ္ႏိုင္ပါတယ္။ 30fps 1080p Resolution နဲ႔ Video Call ျပဳလုပ္ႏုိင္ပါတယ္။ 10W Speaker ၆ လံုး ထည့္သြင္းထားပါတယ္။ Honor Vision မွာ ၄ လံုးသာ ပါပါတယ္။ Pop-up Camera မပါပါဘူး။  Honor Vision ကို တရုတ္မွာ ယြမ္ ၃,၇၉၉ နဲ႔ Honor Vision Pro ကို ယြမ္ ၄,၇၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈ သိန္းနဲ႔ ၁၀ သိန္း၀န္းက်င္ေလာက္ ရွိႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယမှာ Honor Vision Smart TV Series တွေကို ဒီလ ၁၄ ရက်နေ့မှာ ရောင်းမည်

သြဂုတ်လမှာ ကျင်းပခဲ့တဲ့ Huawei Developers Conference မှာ Honor Vision Smart TV တွေကို ကြေညာခဲ့ပါတယ်။ အဲဒီ TV တွေမှာ Android အစား Huawei ရဲ့ ကိုယ်ပိုင် HarmonyOS ထည့်သွင်းထားပါတယ်။ အခုတော့ Honor Vision နဲ့ Honor Vision Pro Smart TV တွေကို အိန္ဒိယမှာ ရောင်းချပေးတော့မှာပါ။ ကုမ္ပဏီက ၁၄ ရက်နေ့ ပွဲအတွက် မီဒီယာတွေကို ဖိတ်ကြားပြီးပါပြီ။

မော်ဒယ် ၂ ခုစလုံးမှာ ၅၅ လက်မ 4K Display ထည့်သွင်းထားပြီး အမြင့်ဆုံး အနေနဲ့ 400 nits of Brightness ကို ထုတ်လုပ်ပေးပါတယ်။ 178-degrees Of Viewing Angle ကို ထောက်ပံ့ပေးထားပါတယ်။ Blue Light ကို ကာကွယ်ပေးတဲ့ နည်းပညာ ပါပါတယ်။ Screen-to-body Ratio က ၉၄ ရာခိုင်နှုန်းတောင် ရှိတဲ့ အတွက် မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပြီး လှပပါတယ်။ အထူကလည်း ၆.၉ မီလီမီတာသာ ရှိပါတယ်။

အတွင်းပိုင်း ဟာ့ဒ်ဝဲတွေက ပိုတောင်လန်းပါသေးတယ်။ Honor Vision TV တွေမှာ Huawei ရဲ့ Octa-core Honghu 818 Chipset ထည့်သွင်းထားပါတယ်။ အဆင့်မြင့် Image Processing နည်းပညာတွေထဲမှာ Motion Estimate and Motion Compensation (MEMC), High Dynamic Range Imaging (HDR), Super-Resolution (SR), Noise Reduction (NR), Dynamic Contrast Improvement (DCI), Auto Color Management (ACM) နဲ့ Local Dimming (LD) တွေ ပါပါတယ်။

Honor Vision Pro မှာ Pop-up AI Camera ပါပြီး Video Calls တွေအတွက် ထည့်သွင်းထားတာဖြစ်ပါတယ်။ ကင်မရာမှာ HiSilicon Hi3516DV300 NPU Chipset ထည့်သွင်းထားပြီး မျက်နှာ မှတ်သားခြင်း၊ ခန္တာကိုယ် လှုပ်ရှားမှုကို စောင့်ကြည့်ခြင်းနဲ့ ကိုယ်နေဟန်ထားကို အာရုံခံခြင်းတို့လို AI စွမ်းရည်တွေ ပါပါတယ်။

Honor Vision Pro နဲ့ Honor Vision မှာ ကွာခြားချက် အနည်းငယ် ရှိပါတယ်။ Pro Version မှာ Pop-up Camera နဲ့ မိုက်ကရိုဖုန်း ၆ လုံး ထည့်သွင်းထားပြီး Video Call ပြုလုပ်နိုင်ပါတယ်။ 30fps 1080p Resolution နဲ့ Video Call ပြုလုပ်နိုင်ပါတယ်။ 10W Speaker ၆ လုံး ထည့်သွင်းထားပါတယ်။ Honor Vision မှာ ၄ လုံးသာ ပါပါတယ်။ Pop-up Camera မပါပါဘူး။ Honor Vision ကို တရုတ်မှာ ယွမ် ၃,၇၉၉ နဲ့ Honor Vision Pro ကို ယွမ် ၄,၇၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်းနဲ့ ၁၀ သိန်းဝန်းကျင်လောက် ရှိနိုင်ပါတယ်။

Ref : gizmochina