Honor က IFA 2020 နည်းပညာ ပြပွဲမှာ စမတ်နာရီ အသစ် ၂ လုံးကို ချပြလိုက်ပါတယ်။ Honor Watch GS Pro နဲ့ Watch ES လို့ နာမည်ပေးထားပြီး Watch GS Pro ဟာ ကုမ္ပဏီရဲ့ အကြမ်းခံတဲ့ ပထမဆုံး စမတ်နာရီဖြစ်ပြီး Watch ES ဟာ လေးထောင့် မျက်နှာပြင် ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Honor Watch GS Pro

Honor Watch GS Pro မှာ ၁.၃၉ လက်မ 454x454p AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး အားကစားလိုက်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး 790mAh ဘက်ထရီက သာမာန် သုံးရင် ၂၅ ရက်တောင် အသုံးခံတာက မိုက်ပါတယ်။ GPS ဖွင့်ထားရင်တော့ ၄၈ နာရီလောက်ပဲ အသုံးခံပါတယ်။ Professional Outdoor Mode Settings ပေါင်း ၁၀၀ ကျော်တောင်ပါလာပြီး IFA Outdoor Creative Wearable Equipment Gold Award ကို ရထားပါတယ်။

ကိုယ်ထည်ကို Stainless Steel ၊ အရည်အသွေးမြင့် ပလတ်စတစ်တွေနဲ့ ပေါင်းစပ် တည်ဆောက်ထားပြီး GPS မှာ လမ်းမပျောက်အောင် ကူညီပေးတဲ့ Route Back လုပ်ဆောင်ချက် ထည့်ထားပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုင်းတာတွက်ချက်ပေးပါတယ်။ LiteOS နဲ့ HiSilicon Kirin A1 Chipset ထည့်သွင်းထားပြီး Sports နဲ့ Active Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ Sports Version အတွက် Carbon Black , Polar White နဲ့ Tide Blue ၃ ရောင် ထုတ်လုပ်ထားပြီး ၇ ရက်နေ့ ဂျာမနီမှာ ၂၅၀ ယူရိုနဲ့ ရောင်းမှာပါ။ ၃ သိန်း ၉ သောင်းလောက်တန်ကြေးရှိပါတယ်။

Honor Watch ES

Honor Watch ES မှာ ၁.၆၄ လက်မ 456x280p AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတယ်။ ဘက်ထရီက ၁၀ ရက်လောက် အသုံးခံပြီး ၃၀ မိနစ်နဲ့ ၇၀  ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ Sports Mode ပေါင်း ၉၅ ခု ပါလာပြီး Meteorite Black , Coral Pink နဲ့ Iceland White ၃ ရောင် ထုတ်လုပ်ထားပါတယ်။

နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတွေကို တိုင်းတာပေးနိုင်ပြီး ယူရို ၁၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁ သိန်းခွဲလောက်ရှိပါတယ်။

Ref : gizchina