ေဘက်င္းျမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Honor ရဲ႕ပြဲၾကီးမွာ ဥကၠဌျဖစ္သူ George Zhao က ကုမၸဏီရဲ႕ ရည္မွန္းခ်က္နဲ႔ ပတ္သက္ျပီး ရဲရဲတင္းတင္းေျပာၾကားခဲ့ပါတယ္။ အဲဒါကေတာ့ Honor ဟာ ကမာၻ႔ပထမဆုံး 5G နက္ဝပ္အသုံးျပဳ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ၾကံရြယ္ေနျပီး အဲဒီကေန ကမာၻ႔အၾကီးဆုံး အမွတ္တံဆိပ္တစ္ခုအျဖစ္ တက္လွမ္းသြားဖို႔ ပါပဲ။

Zhao ရဲ႕ ေျပာစကားအရ Honor ဟာ ၂၀၂၀ ခုႏွစ္မွာ ကမာၻ႔အၾကီးဆုံး အမွတ္တံဆိပ္ငါးခု စာရင္းဝင္ ျဖစ္လာျပီး ၂၀၂၂ မွာေတာ့ ထိပ္ဆုံးအမွတ္တံဆိပ္သုံးခု စာရင္းဝင္ ျဖစ္လာမယ္လို႔ ဆုိပါတယ္။ Honor ဟာ လက္ရွိ ကမာၻ႕အၾကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူေတြထဲက တစ္ဦးျဖစ္တဲ့ Huawei ရဲ႕ အခြဲ Sub-Brand ျဖစ္တာေၾကာင့္ ၂၀၂၂ ခုႏွစ္မွာ သူတုိ႔ရဲ႕ အမွတ္တံဆိပ္ႏွစ္ခုစလုံးကို ကမာၻ႕ထိပ္တန္းအမွတ္တံဆိပ္သုံးခုစာရင္း ဝင္ႏုိင္ဖို႔ ကုမၸဏီက ရည္မွန္းထားတယ္လို႔ ဆုိရမွာပါ။

အဆုိပါ Event မွာ Zhao ဟာ 5G နည္းပညာရဲ႕အတိမ္အနက္ကို ေဆြးေႏြးေျပာၾကားသြားခဲ့ျပီး Huawei နဲ႔ Honor တုိ႔က 5G မွာ ျပိဳင္ဘက္ေတြထက္ ပိုျပီး ေရွ႕ေရာက္ေနေၾကာင္း ေျပာဆုိခဲ့ပါတယ္။ သူက ယခုႏွစ္ေတြ အတြင္း Honor အမွတ္တံဆိပ္ရဲ႕ တုိးတက္မႈကိုလည္း ေျပာၾကားခဲ့ျပီး ကုမၸဏီဟာ ယခုအခါ ေရတုိေမွ်ာ္မွန္းခ်က္ ေတြမထားေတာ့ပဲ အနာဂါတ္ကိုသာ ျမဲျမံစြာ အာရုံစုိက္ေနေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ဆန္းၾကယ္တဲ့ Honor 5G စမတ္ဖုန္းနဲ႔ ပတ္သက္လုိ႔ တိက်ခုိင္မာတဲ့ အခ်က္အလက္ ေတြကိုေတာ့ မေပးခဲ့ဘဲ Honor 5G ဖုန္းဟာ ၂၀၁၉ ခုႏွစ္ထဲမွာ ေရာက္ရွိလာမွာျဖစ္ေၾကာင္းနဲ႔ ေစ်းကြက္ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းျဖစ္လာမယ္ ဆုိတာပဲ ေျပာၾကားခဲ့ပါတယ္။

အျခား စမတ္ဖုန္းထုတ္လုပ္သူေတြကလည္း ပထမဆုံး 5G စမတ္ဖုန္းကို ထုတ္လုပ္ႏုိင္ဖို႔ ၾကဳိးစားသြားမွာ ျဖစ္ေၾကာင္း အသီးသီး ေၾကျငာခဲ့ၾကျပီးပါျပီ။ အၾကာၾကီးေစာင့္ခဲ့ၾကရတဲ့ 5G နည္းပညာ ေျပာင္းလဲမႈဟာ ေနာက္ႏွစ္မွာ စတင္လာမွာ ေသခ်ာသေလာက္ရွိေနျပီ ျဖစ္ေပမယ့္ ထြက္ခါစမွာေတာ့ ႏုိင္ငံအနည္းငယ္မွာသာ အသုံးျပဳႏုိင္ၾကဦးမွာပါ။

Ref – https://www.androidauthority.com/honor-5g-phone-top-three-903672

Unicode

ဘေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ Honor ရဲ့ပွဲကြီးမှာ ဥက္ကဌဖြစ်သူ George Zhao က ကုမ္ပဏီရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ရဲရဲတင်းတင်းပြောကြားခဲ့ပါတယ်။ အဲဒါကတော့ Honor ဟာ ကမ္ဘာ့ပထမဆုံး 5G နက်ဝပ်အသုံးပြု စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ကြံရွယ်နေပြီး အဲဒီကနေ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် တက်လှမ်းသွားဖို့ ပါပဲ။

Zhao ရဲ့ ပြောစကားအရ Honor ဟာ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်ငါးခု စာရင်းဝင် ဖြစ်လာပြီး ၂၀၂၂ မှာတော့ ထိပ်ဆုံးအမှတ်တံဆိပ်သုံးခု စာရင်းဝင် ဖြစ်လာမယ်လို့ ဆိုပါတယ်။ Honor ဟာ လက်ရှိ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေထဲက တစ်ဦးဖြစ်တဲ့ Huawei ရဲ့ အခွဲ Sub-Brand ဖြစ်တာကြောင့် ၂၀၂၂ ခုနှစ်မှာ သူတို့ရဲ့ အမှတ်တံဆိပ်နှစ်ခုစလုံးကို ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်သုံးခုစာရင်း ဝင်နိုင်ဖို့ ကုမ္ပဏီက ရည်မှန်းထားတယ်လို့ ဆိုရမှာပါ။

အဆိုပါ Event မှာ Zhao ဟာ 5G နည်းပညာရဲ့အတိမ်အနက်ကို ဆွေးနွေးပြောကြားသွားခဲ့ပြီး Huawei နဲ့ Honor တို့က 5G မှာ ပြိုင်ဘက်တွေထက် ပိုပြီး ရှေ့ရောက်နေကြောင်း ပြောဆိုခဲ့ပါတယ်။ သူက ယခုနှစ်တွေ အတွင်း Honor အမှတ်တံဆိပ်ရဲ့ တိုးတက်မှုကိုလည်း ပြောကြားခဲ့ပြီး ကုမ္ပဏီဟာ ယခုအခါ ရေတိုမျှော်မှန်းချက် တွေမထားတော့ပဲ အနာဂါတ်ကိုသာ မြဲမြံစွာ အာရုံစိုက်နေကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆန်းကြယ်တဲ့ Honor 5G စမတ်ဖုန်းနဲ့ ပတ်သက်လို့ တိကျခိုင်မာတဲ့ အချက်အလက် တွေကိုတော့ မပေးခဲ့ဘဲ Honor 5G ဖုန်းဟာ ၂၀၁၉ ခုနှစ်ထဲမှာ ရောက်ရှိလာမှာဖြစ်ကြောင်းနဲ့ ဈေးကွက်ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်လာမယ် ဆိုတာပဲ ပြောကြားခဲ့ပါတယ်။

အခြား စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း ပထမဆုံး 5G စမတ်ဖုန်းကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အသီးသီး ကြေငြာခဲ့ကြပြီးပါပြီ။ အကြာကြီးစောင့်ခဲ့ကြရတဲ့ 5G နည်းပညာ ပြောင်းလဲမှုဟာ နောက်နှစ်မှာ စတင်လာမှာ သေချာသလောက်ရှိနေပြီ ဖြစ်ပေမယ့် ထွက်ခါစမှာတော့ နိုင်ငံအနည်းငယ်မှာသာ အသုံးပြုနိုင်ကြဦးမှာပါ။