[Zawgyi]

Honor က ဒီႏွစ္ကုန္မွာ စမတ္နာရီ အသစ္ ၁ လံုး ေရာင္းမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီ စမတ္နာရီဟာ တရုတ္မွာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ အိႏၵိယနဲ႔ ဥေရာပမွာ ဒီႏွစ္ အေစာပိုင္းက ေၾကညာခဲ့တဲ့ Honor Watch Magic ရဲ႕ မ်ိဳးဆက္ျဖစ္လာမွာပါ။ ကုမၸဏီက စမတ္နာရီ အသစ္ရဲ႕ ဒီဇိုင္းကို အရိပ္အျမြက္ ျပသထားတဲ့ ဓါတ္ပံု ၁ ပံုကို မွ်ေ၀လိုက္ပါတယ္။

Honor က Halloween Theme ကို အသံုးျပဳၿပီး ကုမၸဏီရဲ႕ လူမႈကြန္ရက္ အေကာင့္ေတြမွာ အဲဒီ စမတ္နာရီ အသစ္ရဲ႕ သတင္းအခ်က္အလက္ေတြကို မၾကာခင္ မွ်ေ၀မယ္လို႔ DigitalTrends ကို ေျပာပါတယ္။ အခုမွ်ေ၀လုိက္တဲ့ ဓါတ္ပံုမွာလည္း Halloween Theme ကို အသံုးျပဳထားပါတယ္။ အဲဒီ စမတ္နာရီ အသစ္ကို Honor Watch Magic 2 လို႔ နာမည္ေပးထားႏုိင္ၿပီး ဓါတ္ပံုအရ အရင္မ်ိဳးဆက္နဲ႔ ဒီဇိုင္း တူညီပါတယ္။

စမတ္နာရီကို ထိန္းခ်ဳပ္ဖို႔ အတြက္ ညာဘက္ျခမ္းမွာ Crown ၂ ခု တပ္ဆင္ထားပါတယ္။ ကုမၸဏီရဲ႕ LiteOS ေမာင္းႏွင္ထားမယ္လို႔ ထင္ပါတယ္။ အဲဒီ OS ကို Watch GT 2 လို Huawei ရဲ႕ စမတ္နာရီေတြနဲ႔ Honor Watch Magic မွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Honor စမတ္နာရီ အသစ္ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲ သိရပါေသးတယ္။ အရင္မ်ိဳးဆက္ရဲ႕ အဓိက လုပ္ေဆာင္ခ်က္ေတြ ျဖစ္တဲ့ ၁.၂ လက္မ အရြယ္ေသး 390×390 AMOLED Display နဲ႔ ၁ ပတ္ေလာက္ အသံုးခံတဲ့ ဘက္ထရီ သက္တမ္းေတြ ထည့္သြင္းထားႏုိင္ပါတယ္။ အရင္မ်ိဳးဆက္လိုပဲ ေစ်းခ်ိဳႏုိင္ၿပီး ေဒၚလာ ၂၀၀ ေလာက္နဲ႔ ေရာင္းႏိုင္ပါတယ္။ ျမန္မာေငြ ၃ သိန္းေလာက္ပဲ ရွိႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Honor ရဲ့ စမတ်နာရီကို ဒီနှစ်ကုန်မှာ ရောင်းမည်

Honor က ဒီနှစ်ကုန်မှာ စမတ်နာရီ အသစ် ၁ လုံး ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်နာရီဟာ တရုတ်မှာ ပြီးခဲ့တဲ့နှစ်နဲ့ အိန္ဒိယနဲ့ ဥရောပမှာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Honor Watch Magic ရဲ့ မျိုးဆက်ဖြစ်လာမှာပါ။ ကုမ္ပဏီက စမတ်နာရီ အသစ်ရဲ့ ဒီဇိုင်းကို အရိပ်အမြွက် ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။

Honor က Halloween Theme ကို အသုံးပြုပြီး ကုမ္ပဏီရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ အဲဒီ စမတ်နာရီ အသစ်ရဲ့ သတင်းအချက်အလက်တွေကို မကြာခင် မျှဝေမယ်လို့ DigitalTrends ကို ပြောပါတယ်။ အခုမျှဝေလိုက်တဲ့ ဓါတ်ပုံမှာလည်း Halloween Theme ကို အသုံးပြုထားပါတယ်။ အဲဒီ စမတ်နာရီ အသစ်ကို Honor Watch Magic 2 လို့ နာမည်ပေးထားနိုင်ပြီး ဓါတ်ပုံအရ အရင်မျိုးဆက်နဲ့ ဒီဇိုင်း တူညီပါတယ်။

စမတ်နာရီကို ထိန်းချုပ်ဖို့ အတွက် ညာဘက်ခြမ်းမှာ Crown ၂ ခု တပ်ဆင်ထားပါတယ်။ ကုမ္ပဏီရဲ့ LiteOS မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။ အဲဒီ OS ကို Watch GT 2 လို Huawei ရဲ့ စမတ်နာရီတွေနဲ့ Honor Watch Magic မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Honor စမတ်နာရီ အသစ်ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ အရင်မျိုးဆက်ရဲ့ အဓိက လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ၁.၂ လက်မ အရွယ်သေး 390×390 AMOLED Display နဲ့ ၁ ပတ်လောက် အသုံးခံတဲ့ ဘက်ထရီ သက်တမ်းတွေ ထည့်သွင်းထားနိုင်ပါတယ်။ အရင်မျိုးဆက်လိုပဲ ဈေးချိုနိုင်ပြီး ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ပဲ ရှိနိုင်ပါတယ်။

Ref : gizmochina