Zawgyi Font Version

မၾကာေသးခင္ကပဲ တရုတ္ျပည္ မီဒီယာေလာကမွာ Huawei ရဲ႕ ကုမၸဏီအခြဲတစ္ခုျဖစ္တဲ့ Honor ဟာ Huawei ကေနခြဲထြက္ျပီး သီးသန္႔ ကုမၸဏီတစ္ခုအျဖစ္ ရပ္တည္ေတာ့မယ္ဆိုတဲ့ သတင္းတစ္ခုပ်ံ႕ႏွံ႕လို႔ေနခဲ့ပါတယ္။ အဆိုပါ သတင္းေၾကာင့္ တရုတ္နည္းပညာေလာကအတြင္း အေတာ္ေလး ဂယက္ရိုက္ခဲ့ပါတယ္။ Honor ဆိုတဲ့ Brand အခြဲဟာ Huawei ကေန (၂၀၁၃) ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ အခ်ိန္တုန္းကဆိုရင္ Xiaomi လို Smartphone ကုမၸဏီ ေတြဟာဆိုရင္ စတင္တည္ေထာင္ခါစပဲရွိေသးျပီး Xiaomi လို ကုမၸဏီေတြကို ယွဥ္ျပိဳင္ဖို႔အတြက္ Huawei ကေန သူ႔ရဲ႕ ကုမၸဏီခြဲ Honor ကိုတည္ေထာင္ခဲ့တာပါ။

Huawei Smartphone လုပ္ငန္းေအာင္ျမင္မွုရဲ႕ အဓိက အခ်က္ ကလည္း Honor ဖုန္းေတြရဲ႕ အရည္အေသြးေကာင္မြန္ျပီး ေရာင္းအားအရမ္းေကာင္းတဲ့အခ်က္ေၾကာင့္ပါ။ အခုဆို တရုတ္ျပည္တြင္းမွာ Honor Phone ေတြရဲ႕ ေရာင္းအားက Xiaomi ဖုန္းေတြထက္ ေက်ာ္လြန္ေနပါျပီ။ တစ္ကယ္လို႔သာ Huawei လက္ေအာက္ကေန ခြဲထြက္ျပီး သပ္သပ္ ကုမၸဏီတစ္ခုအျဖစ္ရပ္တည္ခဲ့ရင္ ဒီထက္ပိုျပီး ေအာင္ျမင္လာႏိုင္ျပီး Samsung လို ကုမၸဏီၾကီးေတြနဲ႔ေတာင္ ယွဥ္ႏိုင္လာလိမ့္မယ္လို႔ တရုတ္မီဒီယာေလာကမွာ ထင္ေၾကးေပးခဲ့ၾကပါတယ္။

Honor ကိုတိုက္ရိုက္ေမးျမန္းခဲ့ၾကတဲ့ အခါမွာေတာ့ Honor ဟာ Brand ခြဲတစ္ခုအျဖစ္သပ္သပ္ ရပ္တည္သြားမွာျဖစ္ေပမယ့္ Huawei ရဲ႕ အစိတ္အပိုင္းတစ္ခု အျဖစ္ေတာ့ ဆက္လက္ရွိေနဦးမွာပါလို႔ ေျပာၾကားခဲ့ပါတယ္။ Honor ရဲ႕ ဥိီးေဆာင္သူျဖစ္တဲ့ Zhao Ming ဟာ ” Honor Smartphone ေတြကို ေလးႏွစ္အၾကာကတည္းကစတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီး လွ်င္လွ်င္ျမန္ျမန္ တိုးတက္ေျပာင္းလဲေနပါျပီ။ အနာဂတ္ကာလမွာလည္း Huawei Brand နဲ႔ ဆက္လက္ျပီး ခိုင္ခိုင္ျမဲျမဲလက္တြဲသြားမွာျဖစ္ျပီး Huawei နဲ႔ Honor ဟာ ႏိုင္ငံတကာေစ်းကြက္ကို ထိုးေဖာက္ဖို႔အတြက္ Huawei Consumer Business ရဲ႕ ဓားႏွစ္ေခ်ာင္းအျဖစ္ ပူးေပါင္းတည္ရွိေနမွာျဖစ္ပါတယ္” လို႔ တရုတ္မီဒီဟာေတြကို ေျဖၾကားခဲ့ပါတယ္။ အဲ့ဒီ သတင္းေတြအရ Honor ဟာ Huawei ကေန ခြဲထြက္မွာမဟုတ္ပဲ ေရွ႕ေလွ်ာက္ Huawei ရဲ႕ Smartphone နည္းပညာေတြျဖစ္တဲ့ EMUI, Histen အသံပိုင္းနည္းပညာ နဲ႔ GPU Turbo အစရွိတဲ့ နည္းပညာေတြကို Honor ဖုန္းေတြမွာေတြ႔ရွိေနရဦးမွာပါ။

Ref: Gizchina

Unicode Version

မကြာသေးခင်ကပဲ တရုတ်ပြည် မီဒီယာလောကမှာ Huawei ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Honor ဟာ Huawei ကနေခွဲထွက်ပြီး သီးသန့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်တော့မယ်ဆိုတဲ့ သတင်းတစ်ခုပျံ့နှံ့လို့နေခဲ့ပါတယ်။ အဆိုပါ သတင်းကြောင့် တရုတ်နည်းပညာလောကအတွင်း အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ Honor ဆိုတဲ့ Brand အခွဲဟာ Huawei ကနေ (၂၀၁၃) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် Xiaomi လို Smartphone ကုမ္ပဏီ တွေဟာဆိုရင် စတင်တည်ထောင်ခါစပဲရှိသေးပြီး Xiaomi လို ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့အတွက် Huawei ကနေ သူ့ရဲ့ ကုမ္ပဏီခွဲ Honor ကိုတည်ထောင်ခဲ့တာပါ။

Huawei Smartphone လုပ်ငန်းအောင်မြင်မှုရဲ့ အဓိက အချက် ကလည်း Honor ဖုန်းတွေရဲ့ အရည်အသွေးကောင်မွန်ပြီး ရောင်းအားအရမ်းကောင်းတဲ့အချက်ကြောင့်ပါ။ အခုဆို တရုတ်ပြည်တွင်းမှာ Honor Phone တွေရဲ့ ရောင်းအားက Xiaomi ဖုန်းတွေထက် ကျော်လွန်နေပါပြီ။ တစ်ကယ်လို့သာ Huawei လက်အောက်ကနေ ခွဲထွက်ပြီး သပ်သပ် ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်ခဲ့ရင် ဒီထက်ပိုပြီး အောင်မြင်လာနိုင်ပြီး Samsung လို ကုမ္ပဏီကြီးတွေနဲ့တောင် ယှဉ်နိုင်လာလိမ့်မယ်လို့ တရုတ်မီဒီယာလောကမှာ ထင်ကြေးပေးခဲ့ကြပါတယ်။

Honor ကိုတိုက်ရိုက်မေးမြန်းခဲ့ကြတဲ့ အခါမှာတော့ Honor ဟာ Brand ခွဲတစ်ခုအဖြစ်သပ်သပ် ရပ်တည်သွားမှာဖြစ်ပေမယ့် Huawei ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်တော့ ဆက်လက်ရှိနေဦးမှာပါလို့ ပြောကြားခဲ့ပါတယ်။ Honor ရဲ့ ဦးဆောင်သူဖြစ်တဲ့ Zhao Ming ဟာ ” Honor Smartphone တွေကို လေးနှစ်အကြာကတည်းကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လျှင်လျှင်မြန်မြန် တိုးတက်ပြောင်းလဲနေပါပြီ။ အနာဂတ်ကာလမှာလည်း Huawei Brand နဲ့ ဆက်လက်ပြီး ခိုင်ခိုင်မြဲမြဲလက်တွဲသွားမှာဖြစ်ပြီး Huawei နဲ့ Honor ဟာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့အတွက် Huawei Consumer Business ရဲ့ ဓားနှစ်ချောင်းအဖြစ် ပူးပေါင်းတည်ရှိနေမှာဖြစ်ပါတယ်” လို့ တရုတ်မီဒီဟာတွေကို ဖြေကြားခဲ့ပါတယ်။ အဲ့ဒီ သတင်းတွေအရ Honor ဟာ Huawei ကနေ ခွဲထွက်မှာမဟုတ်ပဲ ရှေ့လျှောက် Huawei ရဲ့ Smartphone နည်းပညာတွေဖြစ်တဲ့ EMUI, Histen အသံပိုင်းနည်းပညာ နဲ့ GPU Turbo အစရှိတဲ့ နည်းပညာတွေကို Honor ဖုန်းတွေမှာတွေ့ရှိနေရဦးမှာပါ။

Ref: Gizchina