Honor ကနေ လာမယ့် မေလ ၂၀ ရက်နေ့မှာ Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ Honor X10 5G စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Honor X10 5G စမတ်ဖုန်းဟာ Kirin 820 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး အခုလည်း Geekbench Benchmark တွေပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ Geekbench အရ Honor X10 5G ဖုန်းဖြစ်တဲ့ Model Number Huawei TEL-AN00 စမတ်ဖုန်းဟာ Single-Core Score အနေနဲ့ ၃,၀၈၄ မှတ်နဲ့ Mulit-Core Score မှာ ၉,၁၂၈ မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB ပါဝင်မှာဖြစ်ပြီး Android 10 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒီရမှတ်ဟာ Mid Range ဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို အားရဖို့ကောင်းနေပြီး လက်ရှိ Qualcomm ရဲ့ Mid Range Processor တွေဖြစ်တဲ့ Snapdragon 765G နဲ့ 730G ထက်ရော၊ MediaTek Helio G90T လိုမျိုး Processor တွေထက်ပါ သိသိသာသာကို ပိုပြီး မြန်ဆန်နေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor X10 5G ဖုန်းဟာ Flagship ဖုန်းတစ်လုံးနီးပါးကို စွမ်းဆောင်ရည်ရှိနေမှာပါ။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ Honor X10 5G စမတ်ဖုန်းဟာ 6.63″ IPS LCD Full HD+ Display ၊ 22.5W Fast Charging ကို Support ပြုလုပ်တဲ့ 4200mAh Battery ၊ Custom Sony IMX600 Sensor အသုံးပြုထားမယ့် Quad Camera Setup တွေပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena