Honor X10 ကို လာမယ့် မေလ ၂၀ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး ဒီဟန်းဆက်ရဲ့ အဓိကအစိတ်အပိုင်းအချက်အလက်နဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒါတင်မကဘဲ Honor X10 Pro ရဲ့ အချက်အလက်နဲ့ အစိတ်အပိုင်းတွေလည်း တစ်ပါတည်း ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Honor X10 ဟာ 2400 x 1080 Resolution နဲ့ 90Hz Refresh Rate မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Kirin 820 processor ကို အသုံးပြုထားပြီး 5G ချိတ်ဆက်မှုလည်း ထောက်ပံ့ပေးထားမှာပါ။ မန်မိုရီကတော့ 6GB of RAM ဖြစ်ပြီး 64GB နဲ့ 128GB storage ဆိုပြီး နှစ်မျိုးနှစ်စား ရရှိမှာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ 40MP Sony IMX600y အဓိကကင်မရာ၊ 8MP ultrawide နဲ့ 2MP depth sensor တို့ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ Selfie ကတော့ 16MP Sony IMX471 ဖြစ်ပါတယ်။ 4,200mAh ဘက်ထရီဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားပါတယ်။ 64GB အတွက်ဈေးနှုန်းကတော့ $254(၃ သိန်းခွဲဝန်းကျင်)  ဖြစ်ပြီး 128GB ကတော့ $283 (၃ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Honor X10 Pro ကလည်း 2400 x 1080 Resolution နဲ့ 90Hz Refresh Rate မျက်နှာပြင်ကိုပဲ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားကို မသိရသေးပါဘူး။ Kirin 820 processor ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Huawei Mate 30 လိုနည်းပညာသုံး အအေးပေးစနစ်ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Honor X10 Pro မှာ မန်မိုရီ 8GB of RAM ထောက်ပံ့ပေးထားပြီး၊ သိုလှောင်မှုပမာဏတွေကို 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးရရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ Standard Version လိုမျိုး 40MP+8MP+2MP setup ဖြစ်ပြီး 2MP sensor တစ်ခုပိုသွားတာကြောင့် ကင်မရာလေးလုံး ဖြစ်သွားပါတယ်။

4,200mAh ဘက်ထရီကိုပဲ အသုံးပြုထားတာဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ်ကိုပဲ ထောက်ပံ့ပေးထားတာပါ။ Huawei ရဲ့အဆိုအရ 0 to 100% ကို မိနစ် ၉၀ အချိန်ယူရမယ်လို့ သိရပါတယ်။ Audio jack, USB Type C နဲ့ NFC တွေထောက်ပံ့ထားပါတယ်။ ဈေးနှုန်းတွေကတော့ $339 (၄ သိန်း ၇ သောင်းဝန်းကျင်) နဲ့ $382 (၅ သိန်း ၃ သောင်းဝန်းကျင်) တို့ ဖြစ်ကြပါတယ်။

Ref: Gizmochina