မကြာခင်ထွက်ရှိလာတော့မယ့် Honor X10 ဟာ အခုရက်ပိုင်းမှာ သတင်းဆက်တိုက်ထွက်နေပါတယ်။ မေလ ၂၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်ဖို့ ရွေးထားတဲ့ ဒီဖုန်းအတွက် Honor ရဲ့အကြီးအကဲက သူ့ Weibo ကနေတဆင့် Kirin 820 ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ကြောင်းကို ထပ်မံအသိပေးလာခဲ့ပါပြီ။

X10 ဟာ ပုံမှန် 5G စမတ်ဖုန်းတွေထက် ဈေးချိုသာမှာဖြစ်ပြီး Kirin 820 ရဲ့ကျေးဇူးကြောင့် 5G Band ကိုးမျိုးလုံးကို လက်ခံအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံပြင်ပဈေးကွက်တွေမှာလည်း 5G အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကိုရောက်လာဖို့ အခြေအနေကောင်းနေပါတယ်။

Honor X10 စမတ်ဖုန်းဟာ 6.63” IPS Display နဲ့ထွက်လာမှာဖြစ်ပြီး 4,200 mAh ဘက္ထရီက 22.5W အားသွင်းစနစ်နဲ့ပါ။ နောက်ဘက်မှာ 40MP Sony IMX 600y ဦးဆောင်တဲ့ ကင်မရာလေးလုံးတွဲပါမှာဖြစ်ပါတယ်။

X10 ရဲ့ကင်မရာ Sensor ကို နမူနာရိုက်ကူးပြထားတဲ့ ဓါတ်ပုံတွေလည်း ထွက်ရှိလာခဲ့ပြီးပါပြီ။ လာမယ့်ရက်အနည်းငယ်တွင်းမှာတော့ သူနဲ့ပတ်သက်တဲ့ Teaser တွေကို ထပ်ပြီးမြင်ရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSMArena