Honor X10 ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က များစွာ ထွက်ပေါ်လာပြီး မေလ ၂၀ ရက်နေ့မှာ တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုလည်း Honor က ဝီဘိုကနေ အဲဒီ စမတ်ဖုန်းမှာ 90Hz Refresh Rate မျက်နှာပြင်နဲ့ 180Hz Touch Sampling Rate ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ Honor X10 မှာ ၆.၆၃ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ အရည်အသွေး ဖြစ်ပါတယ်။ Kirin 820 Chipset မောင်းနှင်ထားပြီး 4,200mAh ဘက်ထရီနဲ့ 22.5W Fast Charging ထည့်ထားမှာပါ။  ပင်မ ကင်မရာ အနေနဲ့ Custom Sony IMX600y Sensor ပါလာမယ်လို့ သိရပါတယ်။

Honor X10 မှာ 8GB RAM ထည့်ထားမှာ ဖြစ်ပြီး 128GB နဲ့ 256GB Storage ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Dual-mode 5G  ပါလာမှာ ဖြစ်ပြီး Frequency Bands ၉ မျိုး ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Honor X10 နဲ့အတူ Honor Band , MagicBook Laptop အသစ်တွေကိုပါ ကြေညာနိုင်ပါတယ်။

မကြာခင်က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Honor X10 ရဲ့ Specs Sheet ၁ ခု ထွက်ပေါ်လာပြီး TENAA က ထွက်လာတဲ့ Specs တွေကို အတည်ပြုထားသလို 8MP နဲ့ 2MP ကင်မရာ ၂ လုံးကိုပါ ဖော်ပြထားပါတယ်။ 8MP ကင်မရာဟာ မြင်ကွင်းကျယ် ဖြစ်နိုင်ပြီး  2MP က Macro  လိုရော Depth Sensor လိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။

Ref : gsmarena