Honor X10 စမတ်ဖုန်းရဲ့ Specs အပြည့်အစုံကို TENAA ပေါ်မှာမြင်တွေ့ခဲ့ရပြီး ထွက်ရှိရက်နီးကပ်နေပြီလို့ ထင်ကြပေမယ့် ကုမ္ပဏီက အခုထိ မိတ်ဆက်ရက်ကို အတည်မပြုပေးသေးပါဘူး။ ဒါပေမယ့် Weibo ကနေ ထွက်လာတဲ့ သတင်းအရ တရုတ်အခြေစိုက်ကုမ္ပဏီဟာ စမတ်ဖုန်းသစ်ကို မေလ ၁၉ ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Honor အမှတ်တံဆိပ်ဟာ သူတို့ရဲ့ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွေကို အင်္ဂါနေ့တွေမှာ ကျင်းပလေ့ရှိပြီး TENAA ပေါ်မှာ မြင်တွေ့ခဲ့ရတာက Honor X10 ဈေးကွက်ထဲရောက်လာဖို့ အချက်ပေးလိုက်တာပါပဲ။ တရုတ်အခြေစိုက် Leakster တွေက ဒီအချက်ပေါ်မူတည်ပြီး မေလ ၁၉ ရက်နေ့မှာ ကြေညာလာနိုင်တယ်လို့ ဆိုကြတာပါ။

Honor X10 ရဲ့ TENAA စာရင်းမှာတော့ ဟန်းဆက်အသစ်မှာ Notch ကင်းစင်တဲ့ 6.63” IPS LCD Display ပါဝင်မှာဖြစ်ပြီး Aspect Ratio 20:9 ရှိမယ်လို့ ဆိုထားပါတယ်။ Fingerprint ကိုတော့ အခုခေတ်စားနေသလို ဘေးဘက်မှာ တွေ့ရမှာပါ။

အတွင်းမှာ Kirin 820 5G ချစ်ပ်ဆက်ကို 8GB RAM နဲ့ တွဲဖက်ထားပြီး 256GB Storage ပါဝင်မှာဖြစ်ပါတယ်။ ဘက္ထရီက 4,300 mAh ကို 22.5W အားသွင်းစနစ်ထောက်ပံ့ပေးမှာပါ။ နောက်ဘက်က Triple-camera အတွဲမှာ 40MP + 8MP Ultrawide + 2MP Depth Sensor တို့ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

Ref – Playful Droid