Honor ကနေ လက်ရှိ Mid Range ဖုန်းတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့ Honor X10 Max စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Multimedia ပိုင်းကို ရည်ရွယ်ထားတာဖြစ်ပြီး Display ပိုင်းအနေနဲ့ လက်ရှိ Mid Range ဖုန်းတွေထဲမှာ အကြီးမားဆုံးဖြစ်တဲ့ 7.09″ Screen Size ပါဝင်မှာလည်း ဖြစ်ပါတယ်။

အဆိုပါ 7.09″ IPS LCD Display ဟာ လက်ရှိတခြားသော Mid Range ဖုန်းတွေလိုမျိုးပဲ Full HD+ Resolution နဲ့ 8MP Selfie Camera ကို Waterdrop Notch ပုံစံပဲပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Display ကို RGBW Matrix နည်းပညာအသုံးထားတဲ့အတွက် တခြားသော LCD Display တွေထက် Brightness ပိုင်းသိသိသာသာပိုကောင်းမှာပါ။ Honor ရဲ့ ပြောကြားချက်အရတော့ အမြင့်ဆုံး 780Nits အထိ Brightness ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

Honor X10 Max ဖုန်းဟာ အရွယ်အစားအရတော်တော်လေးကိုကြီးတဲ့အတွက် ကားမောင်းနေရင်း Navigation နဲ့ Entertainment အတွက်ပါအသုံးချနိုင်မှာဖြစ်ပါတယ်။ Audio Quality အတွက်လည်း Stereo Speaker Setup ကိုထည့်သွင်းပေးထားပါသေးတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Dimensity 800 5G Chipset ကိုအသုံးပြုထားပြီး RAM 6G + 64GB သို့မဟုတ် RAM 8GB + 128GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Back Camera အနေနဲ့ကတော့ သာမန်အဆင့်ပဲရှိပြီး 48MP Primary Sensor နဲ့ 2MP Depth Sensor ပဲပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကိုအခြေခံထားတဲ့ Magic UI 3.1 ကို အသုံးပြုလာမှာပါ။

စျေးနှုန်းတွေအနေနဲ့ကတော့ Honor X10 Max ဖုန်းဟာ RAM 6GB + 64GB Version ကို 1,899 Yuan (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကို 2,099 Yuan (မြန်မာငွေ ၄ သိန်း ၁ သောင်းဝန်းကျင်) နဲ့ RAM 8GB + 128GB Version ကိုတော့ 2,499 Yuan (မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena