Honor X10 Max ကို ဇူလိုင် ၂ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပြီး အခုတော့ အဲဒီ ဖုန်းကို TENAA မှာ မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီဖုန်းရဲ့ Specs အများစုလည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ အဲဒီဖုန်းမှာ ၇.၀၉ လက်မ LCD မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ Honor X10 မှာလို Dimensity 800 Chipset မောင်းနှင်ထားမှာ ဖြစ်တယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ TENAA မှာ အဲဒီ ဖုန်းရဲ့ Chipset ကို မဖော်ပြထားဘဲ 2.0GHz CPU ပါမယ်လို့ပဲ သတင်းပေးထားပြီး အဲဒါဟာ Mediatek ရဲ့ 5G Chipset ဖြစ်နိုင်ပါတယ်။ 6GB or 8GB RAM နဲ့ 64GB or 128GB Storage ထည့်ထားမှာ ဖြစ်ပါတယ်။

Honor X10 Max ရဲ့ အနောက်ဘက်မှာ 48MP+2MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ထည့်သွင်းထားမှာပါ။ အနောက်ဘက်က 2MP က Depth Sensor ဖြစ်ပါတယ်။ တရားဝင် ဝီဘို အကောင့်မှာ ကုမ္ပဏီက အဲဒီဖုန်းမှာ 5G ပါလာမှာ ဖြစ်ပြီး ဖုန်း ဒီဇိုင်းကိုပါ ဖော်ပြထားပါတယ်။ အရွယ်သေး Notch ထည့်ထားမှာ ဖြစ်ပြီး ညာဘက်က အသံခလုတ်ရဲ့အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Ref : gsmarena